လူမိုက်ကြီးရဲ့နှလုံးသား
"မင်းသားလေးတို့ တိုက်ပွဲကနေအောင်ပွဲခံဖို့ပြန်လာပြီး မင်းသားလေးနဲ့ စစ်သည်တွေ ကျန်းမာပါစေ!!!!"
တိုင်းသူပြည်သားတွေရဲ့ ဝမ်းမြောက်စွာ အော်ဟစ်သော အသံတွေကြောင့် မင်းသမီးလေး ပန်းခက်ဆူး ဆေးပညာလေ့လာနေရာကနေ ဝမ်းသာအားရ အကိုတော်တွေကို ပျော်ရွှင်စွာသွားကြို၏။
"အကိုတော်ကြီးနဲ့ အကိုတော်လေး ဂုဏ်ပြုပါတယ်"
ပန်း ပွေးဖကျတော့ အကိုတော်ကြီးက ညီမတော်လေး ပွေ့ချီမြှောက်၍ ပတ်ချာလှည့်လိုက်၏။
"ပန်း အတွက် ဘာပါလဲဟင် မှာလိုက်တဲ့ ဆေးမြစ်တွေပါလား"
"ဟာ ဟုတ်တာပဲ အကိုတော်တို့ မေ့သွားတယ်"
."ဟွန် အကိုတော်တို့ကို စိတ်ကောက်တော့မူတဲ့ တစ်ယောက်မှာလာမခေါ်နဲ့"
"နှုတ်ခမ်းကဆူလိုက်တာ ချွန်နေရော့ စတာ ဒီမှာပါတယ်.
"ဟီး အကိုတော်တို့က အရမ်းချစ်ဖို့ကောင်းတယ်"
"လိုချင်တာ ရသွားတော့ မျက်နှာပြုံးလို့ "
"အကိုတော်တို့ ဒဏ်ရာရသွားသေးလား ပန်း ဆေးထည့်ပေးမယ်လေ"
"မရပါဘူး အကိုတော်တို့ ခမည်းတော်ကြီး ဆီသို့သွားကြရအောင်"
ညီအစ်ကိုနှစ်ယောက် ညီမငယ်လေးကို ဖက်ပြီး ခမည်းတော်ဆီသို့ ပျော်ရွှင်စွာထွက်သွားကြသည်။
"တောက် အဲဒီနိုင်ငံကို ရှုံးရတယ်လို့ ရင်နာလိုက်လေခြင်း"
"အခုမှာ ကြိတ်မနိုင်ခဲမနိုင်ပါလား အဆွေတော်"
" မင်သား ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ ခရီးဧည်ဝတ်မကြိုလိုက်ရဘူး"
"မင်းရဲ့ တိုက်ပွဲရှုံးတဲ့ကြားကတည်းက ငါတိုင်းပြည်ကနေ ခရီးထွက်လာတာ ဆိုစမ်းပါအုံး ဘာကြောင့်ငါကို စစ်ကူမတောင်းတာလဲ ငါအရည်အချင်းကို အထင်သေးတာလား"
"မဟုတ်ရပါဘူး မင်းသား "
"ပန်းပွင့်ငယ် တိုင်းပြည်ကို မင်းရဲ့ကိုယ်စား ငါပြန်သိမ်းပိုက်မယ်"
မင်းသားဆိုသူရဲ့ အသံက မာကျောခက်ထန်၍ ဩဇာအာဏာပြည့်ဝပါသည်။သိမ်းငှက်တစ်ကောင်လို့ စူးရှတောက်ပတဲ့ မျက်ဝန်းအစုံ၊ သေသပျလှပတဲ့ နှုတ်ခမ်းရဲရဲတစ်စုံက စွဲမက်စရာကောင်းပါသည်။ အရပ်အမောင်နဲ့ ရုပ်ရည်က အားနည်းချက်မရှိအောင် ခန့်ညားလှတဲ့ တိုင်းတစ်ပါးက မင်းသမီးတွေ အများအပြားလာဆက်သပ်တော့လည်း အကုန်ငြင်းပယ်၏။ သူရဲ့ဝါသနာကတော့ သွေးအေးအေးနဲ့ တိုက်ပွဲတွေမှာ ရန်သူကို ခေါင်းဖြတ်ရတာပါ။
"တကယ်လား မင်းသား"
"ငါစကားနှစ်ခါမပြောဘူး အခုပဲပြန်လည် သိမ်းပိုက်ဖို့ စစ်ချီတက်မယ် အဆွေတော်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ပန်းပွင့်ငယ် တိုင်းပြည်ကို ငါပေးမယ်"
"ကျေးဇူးကြီးမာလှပါတယ် မင်းသား"
သူရိန်ကတော့ မြေပုံထဲမှာ ပန်းပွင့်ငယ် တိုင်းပြည့်ကို ဓားနဲ့ခြစ်ပစ်သည်။
ဧကရီ တိုင်းပြည်ကတော့ တိုင်းပြည်တွေထဲမှာခွန်အားအကြီးဆုံးတိုင်းပြည်ပါ။ခန်ညားထည်ဝါလှတဲ့ နန်းတော်ကြီးက နတ်ပြည်သဖွယ်မြင်ရသူတိုင်း ငေးမော့ရသလို့ မင်းသားသူရိန်ဆိုတဲ့ နာမည်ကြားတိုင်း လူတိုင်းကသေဆုံးခြင်းကိုပဲပြေးမြင်ရ၏။
"မင်းသား ဘုရင်ကြီးက ချေါတျောမူပါတဲ့"
"မလာအားဘူး ပြောလိုက် ငါအခုစစ်ချီတက်မယ်"
လာခေါ်တဲ့ အစေခံ ချက်ချင်းပြေး၍ ဘုရင့်ကို လျောက်တင်သည်။ သူရိန် မြင်းဆီပြီး ထွက်မယ်လုပ်တော့
"ဘုရင့်ရဲ့ အမိန့်ကို ဖီဆန်ရဲတာ မင်းသားပဲရှိတယ်နော်"
."ခမည်းတော် "
"မင်းမလာလို့ ငါလာခဲ့တာ ပြောစမ်းပါအုံး ဘာကြောင့် ပန်းပွင့်ငယ် တိုင်းပြည်ကို သိမ်းပိုက်မှာလဲ"
"အကြောင်းပြချက်က ကြီးကြီးမားမားမရှိပါဘူး ကျွန်တော်မျိုးရဲ့ အဆွေတော်ကို မွေးနေ့လက်ဆောင်အဖြစ်ဆက်သပ်ချင်လို့ပါ"
"ကောငျးပွီးလေ နိုင်အောင်တိုက်လာခဲ့ပါ"
ခမည်းတော်ကို အရိုအသေပြုပြီး ပန်းပွင့်ငယ် တိုင်းပြည့်သို့ ခရီးနှင်ခဲ့သည်။
"ညီမတော် မြှားပစ်လေ့ကျင်ချိန်ရောက်ပြီးနော်"
အကိုတော်လေးရဲ့ အသံကြောင့် ပန်း မျက်နှာစူပုတ်ပုတ်လေး ဖြစ်သွားရသည်။အခုနဲ့ ဆေးဖော်နေတုန်းက အပျော်တွေပျောက်ကုန်၏။
အကိုတော်လေးကလည်း မလေ့ကျင်ချင်ဘူး အဲဒါတွေက လူတွေကိုထိခိုက်နာကျင်စေတဲ့ ပန်းဘယ်တော့မှာ လူတွေကိုနာကျင်အောင်မလုပ်ဘူး"
"ဒါပေမဲ့ တိုင်းပြည်တစ်ခုရဲ့ မင်းသမီးတစ်ပါးအနေနဲ့လိုအပ်ရင် တိုက်ခိုက်ရမယ် လာပါ ငါညီမတော်ကလိမ်မာတဲ့ အကိုတော်တို့မြားပြိုင်ပစ်မယ်လေး နိုင်ရင် ညီမတော်ခိုင်းတာ အကုန်လုပ်မယ်"
"တကယ်နော် အကိုတော်လေး ကတိ "
လက်ဖဝါးချင်ရိုက်ပြီး ကတိပြုပုံက ကလေးငယ်လေးတွေပမာ ချစ်စဖွယ်ပါ။
တိုက်ခိုက်ဝတ်ဆုံဝတ်ထားတဲ့ ပန်း ရဲ့အသွင်က ချစ်စဖွယ်ပါ။ဆံပင်အရှည်ကို ထုံးထားတာကြောင့် မဟာဆန်တဲ့နဖူးဝင်းဝင်းလေ နမ်းချင်စဖွယ်ကောင်းလှ၏။ပန်း ရဲ့အလှကတော့ မြင်သူတိုင်းရဲ့ရင်ကိုအေးစေတဲ့အလှပါ။
"အကိုတော်လေး ပစ်ပြီးနော်"
"ဝှီး ဝှီး ဝှီး."
မြားသံတွေအဆက်မပြတ် ထွက်ပေါ်လာသည်။ ပန်းရဲ့ မြားပစ်ပုံကတကယ်ကို တည်ငြိမ်ရင်ကျက်တဲ့ မြားပစ်သမားတစ်ယောက်နဲ့တူသည်။ ပစ်မှတ်ကိုပဲ အာရုံစိုက်ထားသောကြောင့် မျက်နှာကတည်ကြည်လှပါသည်။
"ပစ်မှတ်အထိဆုံးကတော့ မင်းသမီးလေးပါဗျာ"
"အကိုတော်လေး ကြားတဲ့နော် ပန်း နိုင်သွားပြီး"
"ကျွန်တော်မျိုးဘာလုပ်ပေးရမလဲဗျာ"
"အင်..ဒီမှာရှိတဲ့လူတွေအားလုံး အကိုတော်လေးကိုတစ်ယောက်တစ်ချက်နဖူးဝိုင်းတောက်ကြပါဗျို့"
.လေ့ကျင်နေတဲ့ စစ်သည်တော်အားလုံး အံ့ဪရသလို့ အကိုတော်လေးလည်း ညီမတော်ကြောင့်စိတ်ညစ်သွားရသည်။
ဘာလုပ်နေကြာတာလဲ လာတောက်ကြလေး မင်းသားလေးသွေးတမာန်ရဲ့နဖူးကို တောက်ဖူးသွားတာပေါ့"
ပန်းပြောတော့အားလုံးကရပ်နေကြတာကြောင့် မင်းသားသွေးက
လာတောက်ကြပါ ညီမတော်စကားအတိုင်း ကျွန်တော် စိတ်မစိုးပါဘူး"
ထိုအခါကျမှာ ရှိသမျှလူတွေအားလုံး နဖူးကိုဖြည်းဖြည်းတောက်ကြသည်။ထိုအချိန်ဟာ ပန်း ပျော်ရွှင်ရတာ နောက်ဆုံးအချိန်ဖြစ်ခဲ့ရသည်။
"မင်းသား ပန်းပွင့်ငယ်တိုင်းပြည်က သတိပေးစာရောက်လာတဲ့"
"မိန့်တော်မူပါ "
"ဧကရီတိုင်းပြည်က အိမ်ရှေ့စံမင်းသားသူရိန် ကျွန်တော်မျိုးရဲ့ နယ်မြေကနေ ပြန်လှန်ဆုတ်ခွာပါ မဆုတ်ခွာရင် တိုက်ခိုက်ရမယ်ဖြစ်ကြောင်း အသိပေးအပ်သည် ပန်းပွင့်ငယ်တိုင်းပြည်ရဲ့ ဘုရင်စေမင်းတမန်"
"ဟားး ဟားး အရမ်းရယ်ရတဲ့ သတိပေးစာပဲ စစ်သည်တွေ!!! ဘုရင်ရဲ့အမျိုးတော်တွေအကုန်လုံးကို အရှင်ဖမ်းပါ မသတ်ပစ်ကြနဲ့ ငါရဲ့စစ်သုံ့ပန်အဖြစ် ခိုင်းစေမယ်!!!
"အမိန့်တော် အတိုင်းပါ မင်းသား"
"စစ်ချီတက်စေ ဧကရီရဲ့ စစ်သည်တော်တွေ အောင်လံလွှင့်ထူဖို့ တိုက်ကြမယ်!!!!!"
သူရိန်ရဲ့ အမိန့်ပေးသံအဆုံးမှာ စစ်သည်တော်တွေ ချီတက်ခဲ့ကြသည်။
"မင်းသမီးလေး အရေးကြီးပြီး "
"ရေးကြီသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ အထိန်းတော်"
"နန်းတော်ထဲသို့ ဧကရီတိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေပါတယ် ထိုနေရာကနေ အမြန်ရှောင်မှာဖြစ်မယ်"
"ပန်း မရှောင်ဘူး တိုင်းပြည်ကို ကာကွယ်မယ်"
ပန်းရဲ့ မြားကိုယူပြီး နန်းဆောင်သို့ချီတက်ခဲ့သည်။
နန်းဆောင်ထဲကတိုက်ပွဲကပြင်းထန်လှပါသည်။ လူအများအပြားသွေးအိုင်ထဲမှာလဲကျသေဆုံးတဲ့ မြင်းကွင်းကိုကြည့်ပြီး ပန်း မြားကိုရန်သူထံသို့ပစ်ခတ်သည်။
"ဝှီး ဝှီးး ဝှီး"
ပန်း ရန်သူကိုပစ်ခတ်နေတုန်း ခမည်းတော်တို့ကိုဖမ်းခေါ်သွားတာကြောင့် အနောက်ကနေချောင်းမြောင်းပြီးလိုက်ခဲ့သည်။
သူရိန် ဘုရင့်ထိုင်တဲ့နေရာမှာထိုင်ပြီး ပန်းပွင့်ငယ်တိုင်းပြည်ရဲ့ ဘုရင်စေတမန်ကို လောင်ပြုံးကြည့်ပြီး
ကျုပ်ကို သတိပေးစာပို့တဲ့ပေါ့ ခင်ဗျားတို့ မိသားစုအားလုံးကို ကျုပ်ရဲ့ စစ်သုံပန်အဖြစ် ဖမ်းခေါ်သွားမယ် ဘယ်သူတွေကျန်နေသေးလဲ"
"မင်းသမီးတစ်ပါးက ထွက်ပြေးသွားပြီးထင်တယ် နန်းဆောင်ထဲမှာရှာမတွေ့ပါ မင်းသား"
"ငါလက်ကနေထွက်ပြေးရအောင်လွှတ်လို့လား ရအောင်ဖမ်းခေါ်ခဲ့ကြ"
"ငါဘာဆက်လုပ်ရမလဲ အဲဒီလူကို မြှားနဲ့ ချိန်ပစ်မယ် သေဖို့ပြင်"
ပန်း ချိန်ပစ်တဲ့မြှားဟာ သူရိန် လက်မောင်းရှပ်ထိသွားသည်။
"ဝှီး"
"မင်းသား! !!!"
"ရတယ် ငါဘာမှမဖြစ်ဘူး အဲဒီမြားပစ်တဲ့လူကို ဖမ်းခေါ်ခဲ့"
ပန်း ကို ရဲမက်တွေမိသွားသည်။ဒါပေမဲ့ ပန်းရဲ့မျက်နှာက မာကြောခက်ထန်လျက်ပါ ပန်းကိုတွေ့တော် အကိုတော်၊ခမည်းတော် ၊မယ်တော် တို့အားလုံး စိုးရိမ်စွာ ခေါ်ကြသည်။
"ညီမတော် "
"သမီးတော် ဘာကြောင့်ထွက်မပြေးရတာလဲ"
"ဟားး ဟားး ငါမြားနဲ့ပစ်တာ မင်းပေါ့ မထင်ရဘူးနော် "
"မင်းသား သူ့ကိုသတ်လိုက်ရမလား"
"သတ်စရာလား စေမင်းတမာန်ရဲ့ သမီးတော်ကို ငါရဲ့ကိုယ်လုပ်တော်အဖြစ်ထားရမယ်"
"ယုတ်မာလှချည်းလား သူရိန် ငါညီမကို မထိနဲ့ မင်းကိုငါသတ်မယ်"
"မင်းသားကို နာမည်ခေါ်ရဲတယ်ပေါ့ မင်းသားအမိန့်ပေးပါ "
"အေးဆေးပေါ့ ငါကိုသတ်မယ်ဟုတ်လား ဟားး ဟားး ရယ်စရာအရမ်းကောင်းတာပဲ ငါနာမည်ခေါ်တဲ့လူကို ငါလက်နဲ့ခေါင်းဖြတ်သတ်တဲ့"
"မလုပ်နဲ့ ကျွန်မရဲ့အစ်ကိုကို ရှင်ထိရဲရင်ထိကြည့် အသက်ချင်းလှဲပစ်မယ်!!
သူရိန် မျက်နှာမဲ့၍ ကြည့်မိကာ ဟားတိုက်ရယ်မောသည်။
ကြောက်စရာကြီးလား ရဲမက်တွေငါရဲ့ ကိုယ်လုပ်တော်ကလွဲပြီး ကျန်တဲ့သူတွေကိုခေါ်ပြီး အချုပ်ထည့်ထဲထား ဒါပေမဲ့ ငါနာမည်ခေါ်တဲ့သူကိုတော့ ဆူးတွေပြည့်နေတဲ့ တုတ်နဲ့အချက်၁၀၀ရိုက်စေ"
သူရိန်ရဲ့ အမိန့်အဆုံးမှာ ပန်း ငို၍မိဘတွေဆီပြေးသွားသော်လည်း သူရိန်က လက်မောင်းကိုဆွဲထားတာကြောင့်သွားမရခဲ့ပါ။သူမ အတင်းအသန် ရုန်းသော်လည်း မရခဲ့ပါ။
နန်းဆောင်အိပ်ခန်းထဲရဲ့ ခုတင်ပေါ်မှာ သူရိန် မှန်တဲ့မြှားကိုဆွဲနုတ်ပစ်သည်။ပန်းကတော့ ဘေးနားကနေ ဒေါသမျက်လုံးတွေနဲ့ကြည့်နေလျက်ပါ။
"အားး ဒီဒဏ်ရာက တိုက်ပွဲမှာရဘူးဖူးတဲ့ ပထမဆုံးဒဏ်ရာ ဟားး မင်းကမြားပစ်တော်တဲ့နော်"
"မတော်ပါဘူး တော်ရင် ရှင်လည်းပင် မှာစိုက်ပြီး သေနေရော့ပေါ့"
"မင်းကအရမ်းအကြောတင်းတဲ့နော် တိုင်းတစ်ပါးက မင်းသမီးတွေဆိုရင် ငါကိုတွေ့တာနဲ့ ကြောက်ရင်ကြောက် မကြောက်ရင် ပျာခတ်အောင်ပြုစုကြတာ လာစမ်း ငါဒဏ်ရာ ကိုပတ်တီးစီးပေး"
"ဟွန့် သိပ်စိတ်ကူးရင်မနေနဲ့ ဒဏ်ရာရအောင်လုပ်ထားတာကို့ ပြန်ကုပေးစရာလား ဝေးသေး"
နှုတ်ခမ်းမဲ့ရွဲ့ပြီးပြောနေတဲ့ ပန်းကို ဘုကြည်ကြည့်၍
"အပြင်မှာဘယ်သူရှိလဲ "
"ကျွန်တော်မျိုးရှိပါတဲ့ မင်းသား"
"ကြိမ်ဒဏ် ၁၀၀ရိုက်ခိုင်းတဲ့လူကို နောက်ထပ်အချက်၁၀၀ထပ်ရိုက်ခိုင်းပါ"
"ရှင် ကျွန်မပတ်တီးစီးပေးမယ် ကျွန်မ အကိုတော်ကိုမထိနဲ့"
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်