အခန်း(၁)
သူ့ဘဝအသစ်ကို အေးစက်ပြီး ဆီချေးစော်နံနေသော ဖုန်ထူတဲ့ လေထုက ဝန်းရံလျက် မတ်မတ်ထရပ်လိုက်ရင်း စတင်ခဲ့တယ်။
သတ္တုကြမ်းပြင်က သတ္တုအမိုးကိုဆန့်ကျင်လျက် လှုပ်ခါယိမ်းထိုးနေတဲ့ ကြမ်းပြင်က သူ့အောက်မှာရှိနေတယ်။ ရုတ်တရက်လှုပ်ရှားမှုမှာ သူလဲကျသွားပြီး အနောက်ဘက်ကို သူလက်နဲ့ခြေထောက်ရင်း သူရှပ်တိုက်လျှောက်သွားလိုက်တယ်။ လေထုက အေးစက်နေပေမယ့် သူ့နဖူးပြင်တွင် ချွေးစက်များ သီးနေကြတယ်။ သူ့ရဲ့ကျောပြင်ဟာ မာကျောသော သတ္တုနံရံနဲ့ ထိမိလိုက်တယ်။ အခန်းထောင့်ကို မရောက်မချင်း သူနံရံကို ကပ်ပြီး လျှောသွားလိုက်တယ်။ ကြမ်းပြင်မှာ ခြေကိုနင်းချပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို သု့ခြေထောက်တွေပေါ် ထိန်းရပ်ရင်း မတ်မတ်ထရပ်လိုက်တယ်။ သူ့ရဲ့မျက်လုံးတွေက အမှောင်ထုကို ကျင့်သားရလာမယ်လို့ မျှော်လင့်ရတာပဲ။
အခန်းက နောက်ထပ်ဆောင့်သွားပြီး မိုင်းတွင်းတစ်ခုက ဓာတ်လှေကားအဟောင်းတစ်ခုလို အပေါ်ကို ဆောင့်တက်သွားတယ်။
ချိန်းကြိုးတွေနဲ့ စက်သီးတွေရဲ့ အသံစူးစူးတွေက စတီးစက်ရုံတစ်ရုံ လုပ်ငန်းလည်ပတ်နေသလို အခန်းထဲမှာ ပဲ့တင်ထပ်သွားပြီး အသံက နံရံကိုပြန်ကန်ရင်း နားမခံနိုင်လောက်တဲ့ စူးရှသော လှိုဏ်သံထွက်သွားတယ်။ အလင်းရောင်မဲ့နေတဲ့ ဓာတ်လှေကားဟာ ရှေ့နောက်ယိမ်းထိုးပြီး အပေါ်ကို တက်သွားတယ်။ ကောင်လေးရဲ့ အစာအိမ်အတွင်းက ချဉ်ပြီး ပျို့အန်ချင်သလိုဖြစ်လာတယ်။ ဆီလောင်ကျွမ်းနေတဲ့ အနံ့မျိုးက သူ့ရဲ့အာရုံထဲကို တိုးဝင်လာပြီး သူ့အန်ချင်စိတ်ကို ပိုဆိုးလာစေပါတယ်။ သူငိုချင်နေခဲ့တယ် ဒါပေမယ့် မျက်ရည်လုံးဝ ကျမလာဘူး။ သူ အဲ့ဒီအခန်းမှာ တစ်ယောက်ထဲထိုင်ရင်း စောင့်နေရုံသာတတ်နိုင်ခဲ့တယ်။
ငါ့နာမည်က သောမတ်စ် သူတွေးလိုက်တယ်။
အဲ့ဒါ...သူ့ဘဝနဲ့ပတ်သက်ပြီး သူမှတ်မိတဲ့ တစ်ခုတည်းသော အရာပဲ။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူနားမလည်နိုင်ခဲ့ဘူး။ သူ့ရဲ့စိတ်ဟာ အမှားအယွင်းမရှိ သူ့ရဲ့ပတ်ဝန်းကျင် နဲ့ ပြဿနာအကျပ်တညိးကိုတွက်ဆနေတယ်။ သူ့ရဲ့အတွေး၊ အချက်အလက်တွေနဲ့ ပုံရိပ်တွေ၊ ကမ္ဘာရဲ့အမှတ်တရ မှတ်ဉာဏ်တွေ နဲ့ အသေးစိတ်အကြောင်းအရာတွေ ပြီးတော့ ဒါတွေ ဘယ်လိုလည်ပတ်လဲဆိုတာတွေအားလုံးနဲ့ပဲ သိရှိနားလည်ခြင်းဆိုတာကို ပြည့်နှက်သွားစေတယ်။ သစ်ပင်တွေပေါ်က နှင်းတွေ၊ သစ်ရွက်တွေ ဖုံးလွှမ်းနေတဲ့ လမ်းပေါ်ပြေးဆင်းခြင်း၊ ဟမ်ဘာဂါတစ်လုံးကို စားခြင်း၊ မြစ်ကမ်းဘေးက မြက်ခင်းစိမ်းတွေပေါ်မှာ ကျရောက်နေတဲ့ လရောင်မှိန်မှိန်၊ ကန်တစ်ခုအတွင်းမှာ ရေကူးခြင်း၊ သူတို့ရဲ့ ကိုယ်စီအလုပ်တွေနဲ့ ပျားပန်းခတ် ရှုပ်ယှက်ခတ်နေတဲ့ မြို့ရင်ပြင် စတာတွေကို သူပုံဖော်ကြည့်လိုက်တယ်။
ဒါပေမယ့်လည်း သူဘယ်ကလာတယ် ဒါမှမဟုတ် သူမှောင်ပိန်းနေတဲ့ ဓာတ်လှေကားထဲ ဘယ်လိုရောက်လာတယ် ဒါမှမဟုတ်လည်း သူ့မိဘတွေက ဘယ်သူတွေဖြစ်တယ် သူမသိသေးပြန်ဘူး။ သူ့မျိုးရိုးနမည်ကိုတောင် သူမသိဘူး။ လူတွေရဲ့ပုံရိပ်တွေ သူ့စိတ်ထဲမှာ ဖြတ်ပြေးနေပါတယ် ဒါပေမယ့် သူမှတ်မိတဲ့သူမရှိဘူး သူတို့ရဲ့ မျက်နှာတွေက စိုးရိမ်ကြောက်ရွံ့တဲ့အရောင်မျိုးသာထင်နေတယ်။ သူသိတဲ့သူတစ်ယောက် ဒါမှမဟုတ် ပြောစကားတစ်ခွန်းလောက်ကိုမျှ သူမတွေးနိုင်ဘူး။ အခန်းက ရှေ့နောက်လှုပ်ရမ်းနေတဲ့အတိုင်း ဆက်လှုပ်ရမ်းနေပြီး သောမတ်စ် ဟာ သူ့ကိုအပေါ်ဆွဲတင်နေပြီး မရပ်မနား တတောက်တောက်မြည်နေတဲ့ ချိန်းသံကို ခံနိုင်ရည်ရှိလာတယ်။ အချိန်တွေ အကြာကြီး ဖြတ်ကျော်ခဲ့ပြီးပြီ။ တစ်စက္ကန့်တိုင်းက ကမ္ဘေ ကမ္ဘာကြာသလိုဖြစ်နေလို့ တိတိကျကျသိဖို့မဖြစ်နိုင်ပေမယ့် မိနစ်တွေက နာရီတွေအဖြစ် အချိန်ဆန့်နေခဲ့တယ်။ မဟုတ်သေးဘူး သူဟာ အဲ့ဒီထက်ပိုပြီး ထက်မြက်ပါတယ်။ သူ့ရဲ့ ပင်ကိုသိစိတ်ကို ယုံထားရင်း သူရွေ့လျားနေတာ အကြမ်းဖျင်း တစ်နာရီခွဲလောက်ရှိပြီဆိုတာ သူသိတယ်။
ထူးဆန်းတာက သူ့ရဲ့ကြောက်စိတ်ဟာ မှက်အုပ်တစ်အုပ် ထပျံသလို ရုတ်ချည်းပျောက်သွားပြီး ပြင်းပြတဲ့ သိလိုစိတ်နဲ့ အစားထိုးသွားတယ်။ သူဘယ်ရောက်နေလဲ ပြီးတော့ သူဘာတွေဖြစ်နေလဲ သူ သိချင်နေခဲ့တယ်။ ကျွီခနဲမြည်သံနဲ့အတူ ဂျောင်ဂျောင်ဂျင်ဂျင်မြည်ပြီး အပေါ်တက်လာပြီဖြစ်တဲ့ အဲ့ဒီဓာတ်လှေကားအခန်းဟာ ရပ်တန့်သွားခဲ့တယ်။ ရုတ်တရက် ပြောင်းလဲသွားမှုက သောမတ်စ်ကို ကုန်းကုန်းကွကွ ကွေးနေသော အနေထားမှ ကြမ်းပြင်ပေါ် ခပ်ကြမ်းကြမ်းလဲ သွားစေတယ်။ သူ မြန်မြန်ပဲ ကုတ်ကတ်ထလိုက်တယ် အခန်းက လှုပ်ရမ်းတာ နည်းလာတယ်လို့ အခန်း လုံးဝမငြိမ်သွားမချင်း သူခံစား မိလိုက်တယ်။ အရာအားလုံးတိတိဆိတ်ငြိမ်သက်သွားတယ်။
တစ်မိနစ်ကြာသွားတယ်။ နှစ်မိနစ်။ သူအရပ်ရှစ်မျက်နှာကို ကြည့်ပေမယ့် အမှောင်ထုကိုသာမြင်ရတယ်။ သူ နံရံကို ထပ်စမ်းကြည့်တယ် ထွက်ပေါက်ကိုရှာတယ်။ ဘာမှမရှိဘူး အေးစက်တဲ့ သတ္တုနံရံပဲရှိနေတယ်။ သူ စိတ်ပျက်လက်ပျက် ညည်းညူလိုက်တယ်။ သူ့ရဲ့ အသံက လေထဲမှာ သေအံ့ဆဲဆဲ ညည်းတွားသံလို ပဲ့တင်ထပ်သွားတယ်။ တဖြည်းဖြည်း အသံတိမ်ဝင်သွားပြီး တိတ်ဆိတ်မှု ပြန်လည်ရောက်လာတယ်။ သူအော်လိုက်တယ် အကူညီတောင်းတယ် နံရံကိုသူ့ရဲ့လက်သီးနဲ့ ထုတယ်။
ဘာမှမထူးပါဘူး။
သောမတ််စ် အခန်းထောင့်မှာ သွားပြန်ထိုင်နေလိုက်တယ်။ လက်မောင်းတွေကွေးထားပြီး တုန်ယင်နေတယ် အဲ့ဒီနောက်မှာအကြောက်တရား ပြန်လည်ဝင်ရောက်လာတယ်။ သူ့ရင်ဟာ ပူပန်သောကတွေနဲ့ နှလုံးက ခန္ဓာကိုယ်ထဲက ခုန်ထွက်သွားတော့မလို တသိမ့်သိမ့်တုန်နေတယ်။
"တစ်ယောက်ယောက် ကျွန်တော့်ကို ကူညီပါဦး" သူအော်လိုက်တယ်။ စကားလုံးတိုင်းက သူ့ရဲ့ လည်ချောင်းကနေ ကြမ်းရှရှနဲ့ ထွက်သွားတယ်။
ချွင်ခနဲ မြည်သံကျယ်တစ်ခု သူ့အပေါ်ဘက်က ထွက်လာပြီး သူ အထိတ်တလန့် ပင့်သက်ရှိုက်ရင်း မော့ကြည့်လိုက်တယ်။ အလင်းတန်းတစ်ခု အခန်းရဲ့ မျက်နှာကျက်ကနေ ပေါ်လာပြီး အဲ့ဒီအလင်းတန်းက ကျယ်ပြန့်သွားတာကို သောမတ်စ် ကြည့်နေခဲ့တယ်။ ဆွဲတံခါးနှစ်ချပ်ကို အားသုံးဖွင့်တဲ့အခါ သံမဏိချင်းထိခတ်တဲ့ အသံကြီး ထွက်လာတယ်။ အမှောင်ထဲမှာ အချိန်ကြာကြီး နေထားတော့ အလင်းက သူ့မျက်လုံးတွေကို စူးရှစေတယ်။ သူ့မျက်နှာကို လက်နှစ်ဖက်လုံးနဲ့ ကာပြီး မျက်နှာလွှဲလိုက်တယ်။ သူ့ရဲ့ အပေါ်ဘက်ဆီကနေ အသံတွေကြားတယ် ကြောက်စိတ်က ရင်ကိုမွန်းကျပ်သွားစေတယ်။
"ဘော်ဒါအသစ်ကိုကြည့်ဦး"
"သူ့အသက်ဘယ်လောက်လဲ"
"တီရှပ်ဝတ်ထားတဲ့ ငတုံးလေးလိုပဲ"
"မချင့်မရဲ မျက်နှာနဲ့ ငကြောင်လေး"
"ဟေ့ကောင် ဟိုးအောက်ခြေထိရှိတဲ့ပုံပဲ"
" လူသစ် ဂရီနီလေး ဒီတစ်လမ်းသွားခရီးလေးက်ို မင်းသဘောကျမယ်လို့ မျှော်လင့်တယ်ကွာ"
"နောက်ထပ် လက်မှတ်တော့ မရှိတော့ဘူး ကိုယ့်လူရေ"
သောမတ်စ်ကို စိတ်ရှုပ်ထွေးမှုလှိုင်းလုံး၊ပေါက်ကွဲထွက်မတတ် အထိတ်တလန့်ဖြစ်မှုတို့ ရိုက်ခတ်လာတယ်။ အသံတွေဟာ ထူးဆန်းတယ် ပဲ့တင်ထပ်ရောနှောနေတယ် တစ်ချို့စကားလုံးတွေက လုံးဝစိမ်းနေတယ်။ တစ်ချို့ကိုတော့ ရင်းနှီးတယ်။ မျက်လုံးကို ကျုံ့ပြီး စကားပြောနေတဲ့ သူတွေနဲ့ အလင်းဆီကို ကြည့်ရင်း သူ့မျက်လုံးတွေကို ကျင့်သားရဖို့ သူကြိုးစားတယ်။ ပထမတော့ လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေကိုသာ မြင်နိုင်တယ် ဒါပေမယ့် သူတို့တွေဟာ မကြာခင်မှာပဲ ခန္ဓာကိုယ်အလုံးအထည်တွေ ပေါ်လာတယ်။ လူတွေက သူ့ကို မျက်နှာကျက်အပေါ်ကနေ ကုန်းပြီး သူ့ကို ငုံ့ကြည့်ကြရင်း ညွှန်ပြနေကြတယ်။
အဲ့ဒီနောက် ကင်မရာရဲ့မှန်ဘီလူးကို ဆုံမှတ်ချိန်လိုက်သလို မျက်နှာတွေ ရှင်းရှင်းလင်းလင်း ပေါ်လာတယ်။ သူတို့တွေဟာ အားလုံး ယောက်ျားလေးတွေပါပဲ တစ်ချို့က ငယ်တယ် တစ်ချို့ကျ အသက်ပိုကြီးတယ်။ သူဘာကို မျှော်လင့်ရမယ်မှန်း မသိဘူး ဒါပေမယ့် အဲ့ဒီမျက်နှာတွေမြင်တော့ သူ့ကို စိတ်ရှုပ်ထွေးသွားစေတယ်။ သူတို့တွေက ဆယ်ကျော်သက်တွေပါ။ ကလေးတွေပါပဲ။ သူ့ရဲ့ကြောက်စိတ်အချို့အရည်ပျော်သွားတယ် ဒါပေမယ့် သူ့ရဲ့အမောတကောဖြစ်နေတဲ့ နှလုံးကို ငြိမ်သက်သွားလောက်အောင် မလုံလောက်ပါဘူး။
တစ်စုံတစ်ယောက်က ကြိုးတစ်ချောင်း နှိမ့်ချပေးလိုက်တယ် ကြိုးအဆုံးမှာ ကွင်းကြီးကြီးတစ်ခုထုံးထားတယ်။ သောမတ်စ် တုံ့ဆိုင်းသွားတယ် အဲ့ဒီနောက် ကြိုးဆီကို ညာခြေနဲ့ နင်းဝင်လိုက်ပြီး ကြိုးကို တင်းတင်းဆွဲကိုင်ထားလိုက်တယ်။ သူ့ကို အပေါ်ဘက် ကောင်းကင်ဆီ ရုတ်တရက် ဆွဲတင်လိုက်ကြတယ်။ လက်တွေအများကြီး အောက်ကိုရောက်လာပြီး သူ့ရဲ့ အဝတ်ကနေ ဆွဲတင်လိုက်ကြတယ်။ ကမ္ဘာကြီးက လည်ထွက်သွားသလိုပဲ။ ပတ်ချာလှည့် လှုပ်ရှားနေတဲ့ မျက်နှာတွေ၊ အလင်းတွေနဲ့ အရောင်တွေ။ စိတ်ခံစားချက်တွေ တနင့်တပိုး ဝင်ချလာပြီး ဆွဲရစ်ပတ်သွားတယ်။ သူအော်ချလိုက်ချင်တယ် ငိုပစ်လိုက်ချင်တယ် လက်လွှတ်ပစ်လိုက်ချင်တယ်။ ဝိုင်းပြောနေတဲ့အသံတွေက တဖြည်းဖြည်း တိတ်သွားတယ် ဒါပေမယ့် သူ့ကို မှောင်မည်းနေတဲ့ အလုံခန်းအဖျားကနေ ဆွဲတင်ပြီးတဲ့နောက် တစ်စုံတစ်ယောက်က စကားပြောလိုက်တယ်။ အဲ့ဒီနောက်မှာ ဒီစကားလုံးတွေက်ို မေ့တော့မှာမတုတ်ဘူးဆိုတာ သောမတ်စ် သိတယ်။
"တွေ့ရတာဝမ်းသာပါတယ် ဘော်ဒါ" ကောင်လေးကပြောလိုက်တယ် "ဂလိတ်ဒ် ကကြိုဆိုပါတယ်"
ဆက်ရန်ရှိသေးသည်.....
👍
အခုလို အားပေးတဲ့အတွက် ကျေးဇူးပါ Book ကပုံလေးမပါတာလည်း ပြန်တင်ဖို့လုပ်ပေးပါ့မယ်ဗျ subscribe လေးလည်း လုပ်ထားပေးပါဦး နောက်အခန်းဆက်တွေမြန်မြန်တင်ဆက်နိုင်အောင်ကြိုးစားပေးပါ့မယ်ဗျ
Nice Author 😊😊😊
Thank U So much ☺️ ပုံလေးပေါ်အောင်လည်းပြန်လုပ်ဖို့ ကြိုးစားနေပါတယ် Subscribe လေးလည်းလုပ်ပေးထားပါဦး