Zawgi
Part_1
____________________________________
Over My Dear Disciple
____________________________________
ကြၽန္ုပ္၏ ခ်စ္လွစြာေသာ တပည့္ေက်ာ္
____________________________________
"ဟာ!!!ဟိုမွာ..လူတစ္ေယာက္ ကား တိုက္ၿပီး လြင့္ထြက္သြားၿပီ.."
"တစ္ေယာက္ေယာက္ လူနာတင္ယာဥ္ ေခၚလိုက္ပါဦး...ေသြးေတြအရမ္းထြက္ေနတယ္..."
ကားတိုက္မႈျဖစ္ရာတစ္ဝိုက္တြင္ အနီးအနား ႐ွိလူေတာ္ေတာ္မ်ားမ်ား တစ္နည္းမဟုတ္တစ္နည္း ေဝဖန္အၾကံျပဳလ်က္ ကားတိုက္ခံရသည့္လူနာအနီးဝန္းရံလာၾကသည္။
ေသြးသံရဲရဲျဖင့္လဲက်ေနေသာ...လူနာအား တခ်ိဳ႕က စပ္စုလိုစိတ္ႂကီးေသာေၾကာင့္ မေၾကာက္မရြံ႕ တိုးကပ္၍ၾကည့္ၾကသည္။
တခ်ိဳ႕ေသာအသည္းငယ္သူမ်ားက မ်က္လံုးႏွစ္ဖက္အား လက္အုပ္၍တစ္ဖက္သို႔ လွည့္သြားၾကသည္။
အား!...ငါလခြမ္း!နာလိုက္တာ။
ေသာက္က်ိဳးနည္း ကားဆရာ..ကားကိုဘယ္လိုမ်ားေမာင္းေနသလဲ။
မင္းပေထြးတစ္ေယာက္လံုးလမ္းေဘးရပ္ၿပီး ေဆးလိပ္ေသာက္ေနတာမျမင္ဘူးလား။
လမ္းေဘးရပ္ေနတဲ့လူကိုဝင္တိုက္ရေအာင္ မင္းအလံုးက ေခြးစားသြားလို႔လား။
ဟင္း...ငါအသက္႐ွဴက်ပ္လာပါလား။
ၾကည့္ရတာ...အိမ္ေထာင္မက်ေသးဘဲေသရေတာ့မယ့္ပံုဘဲ။
ငါမ်က္လံုးကလည္းဘာမွမျမင္ရဘူး။
အကုန္လံုး၊အရာခပ္သိမ္းအားလံုးေမွာင္မဲေနတာဘဲ။
မဲတာမွ..ဘဂါၤလီတဲထဲမင္းမထြန္းထားတဲ့အတိုင္းဘဲ။
အား......ခ်ီး...အသက္႐ွဴရတာဘာကိစၥပိုက်ပ္လာရတာလဲ။
ၿပီးေတာ့...တစ္ေယာက္ေယာက္က ငါ့ကိုညႇစ္ေနတယ္။
တစ္ကိုယ္လံုးအညစ္ခံေနရတယ္။
ေတာ္ေတာ္ၾကာၾကာဖိညႇစ္ခံရၿပီးေနာက္...သူ႕ကိုယ္မွာ...ေအးစိမ့္သည့္ေလျဖင့္ ထိေတြ႔လိုက္ရသည္။
ထိုအခါ...သူ႔ႏွာေခါင္းဝသို႔ လတ္ဆတ္သည့္ေလက လာက်ီစယ္သျဖင့္ ျပင္း႐ွစြာ႐ွဴသြင္းလိုက္သည္။
"ျဖန္း!!!"
အား!!!! ဘာကိစၥ ငါ့ဖင္ကို႐ိုက္ရတာလဲ။
အေရးေပၚခန္းထဲေသမလို႐ွင္မလိုျဖစ္ၿပီးဝင္လာတဲ့သူကိုအခုလိုဘဲ ဖင္ခ်တယ္လား။
ဆန္းၾကယ္တာ။
"အူဝဲ..အူဝဲ...အူဝဲ..."
"ဟင္း...ငိုၿပီ...အ႐ွင္မင္းႀကီး ဂုဏ္ယူပါတယ္..မင္းသားေလးက က်န္းမာသန္စြမ္းသလို...မသန္မစြမ္းျဖစ္ျခင္းလည္းမ႐ွိပါဘူး..."
ကေလးဖင္ကို အသံထြက္ေစရန္႐ိုက္ၿပီးေနာက္ ျပဲလန္ေနသည့္ငိုသံထြက္လာမွသာ ေတာ္ဝင္သမားေတာ္မွာ သက္ျပင္းခ်ႏိုင္ေတာ့သည္။
ဤကေလးက အ႐ွင္မင္းႀကီး ၏ေမ်ွာ္လင့္ခ်က္မဟုတ္ေပဘူးလား။
"သားေတာ္ေလး ...ခမည္းေတာ္ရဲ႕သားေတာ္ေလး...ေနာက္ဆံုးေတာ့...ငါကိုယ္ေတာ္ မွာ နန္းေမြဆက္ခံမယ့္သားေတာ္႐ွိၿပီ...ဟား...ဟား...ဟား...မိုးနတ္မင္းႀကီးက အျမင္စူး႐ွပါေပတယ္..ေနဦး...သားေတာ္ေလးရဲ႕ ဘယ္ဘက္ရင္ဘက္မွာ ေနပံုစံအမွတ္ေလးပါေနပါလား...ဟားဟား..သားေတာ္ေလး...အခုကစၿပီး...သားေတာ္ေလးရဲ႕နံမည္ကို ထိုက္ယန္ လို႔ေပးမယ္ ေနမင္းလိုထြန္းလင္းေတာက္ပေနမယ့္သူမ်ိဳးဒါေၾကာင့္ ႐ွန္မင္းဆက္ရဲ႕ အိမ္ေ႐ွ႕စံမင္းသားနာမည္က ႐ွန္ထိုက္ယန္ "
(Author Note* TàiYáng _ Sun)
"အ႐ွင္မင္းႀကီး က တကယ့္ကို အားယန္ နဲ႔လိုက္ဖတ္မယ့္နာမည္ကို ေပးတတ္ပါေပတယ္..."
"အူးဝဲ...အူးဝဲ.."
"သားေတာ္ေလးငိုေနၿပီ မိဖုရား..."
"ၾကည့္ရတာဗိုက္ဆာလို႔ထင္ရဲ႕...လာ...ဒီမယ္ေတာ္က သားေတာ္ေလးကိုႏို႔ခ်ိဳတုိက္ေကြၽးမယ္..."
"အူးဝဲ...အူးဝဲ..."
ငါ့ကိုဘာလို႔ခ်ီထားၾကတာလဲ။
ငါ့စကားေျပာရင္ဘာေၾကာင့္ကေလးငိုသံဘဲထြက္ထြက္လာရတာလဲ။
ငါကအခုေသ ၊အခုခ်က္ခ်င္း ဝင္စား ၊အခုခ်က္ခ်င္း ထုတ္ေမြးဘဝေရာက္သြားတာေတာ့မဟုတ္ပါဘူးေနာ္။
ေလာကနိယာမႀကီးက ကေျပာငး္ကျပန္ျဖစ္သြားတာေတာ့မဟုတ္ပါဘးူေနာ္။
၉လလြယ္၁၀လဖြားအဆင့္ေတြလြန္ထြက္ကုန္ၿပီ။
ဒါျဖင့္...ငါကတကယ္ေသ သြားခဲ့ၿပီဘဲ။
"လာ...ဒီမယ္ေတာ္က သားေတာ္ေလးကိုႏို႔ခ်ိဳတိုက္ေကြၽးမယ္.."
မ်က္စိစံုမိွတ္ၿပီးျပဲေအာ္ေနရာမွ သူ႔အသံမ်ား႐ုတ္တရက္ ရပ္သြားသည္။တစ္စံုတစ္ခုက သူ၏ေအာ္ငိုေနသည့္ပါးစပ္အားပိတ္လုိက္ေသာေၾကာင့္။
ထင္ထားသည့္အရာမျဖစ္ပါေစနဲ႔ဟု မ်က္လံုးအားမသိမသာဖြင့္ၾကည့္သည့္အခါ ျမင္လိုက္ရသည္က ဝင္းမြတ္ျဖဴစင္ေနသည့္ ဖြ႔ံဖြံ႔ထြားထြားေပါက္စီႏွစ္လံုး။
ႏွစ္လံုးထဲမွတစ္လံုးမွ သူ႔ပါးစပ္ထဲနစ္ဝင္လ်က္။
ေသာက္က်ိဳးနည္း.. .။
သူ႔လည္ေခ်ာင္းထဲ႐ွိေသြးမ်ားအန္ထြက္ေတာ့မလိုပင္ခံစားလိုက္ရသည္။
ထိုႏို႔ရည္အားမေသာက္ခ်င္သျဖင့္ သူလက္ျဖင့္အတင္းတြန္းတိုးထုတ္မိသည္။
သို႔ေသာ္ သူ၏လက္ဖဝါးႏုႏုေသးေသးေလးမ်ားက တပါးသူအားအယားပင္ေျပေစမည္မထင္။
"အ႐ွင္မင္းႀကီး ၾကည့္ပါဦး...အားယန္ေလးကေဆာ့လိုက္တာ...ကြၽန္ေတာ္မ်ိဳးမကိုသူ႔လက္ေလးနဲ႔လိုက္ပုတ္ေနေတာ့တာဘဲ"
ဘာကိုတိုင္တည္၍ဆဲရမွန္းမသိေတာ့သည့္...ထိုက္ယန္..."•••"
ထားလိုက္ေတာ့..ငါကအခုကေလးဘဲ။
ကေလးလိုဘဲျဖဴျဖဴစင္စင္ေလးေနတာေပါ့။
ေကာင္းၿပီ...။ဒါကဒီဘဝရဲ႕ငါ့မိခင္။
ထိုက္ယန္ သူ႔စိတ္ကိုေျဖေလ်ွာ့ၿပီးမ်က္လံုးစံုမိွတ္ကာအနားယူလိုက္ေတာ့သည္။
"အားယန္ေလးက ႏို႔စို႔ရတာပင္ပန္းသြားၿပီထင္ပါ့...အိပ္ေတာင္ေပ်ာ္သြားၿပီ..."
__________________________________________________________
ဒီရက္ေတြအတြင္း သူ႔ေလာက္စိတ္ခ်မ္းသာတာသူဘဲ႐ွိမည္ထင္၏။
မနက္မိုးလင္းမ်က္လံုးႏွစ္လံုးဖြင့္သည္ႏွင့္ ႏို႔တန္းစို႔သည္။ထို႔ေနာက္ အေၾကာင္းအရင္းမ႐ွိ ထငိုသည္။ႏို႔ထပ္စို႔သည္။ျပန္အိပ္သည္။ႏိုးလာျပန္လ်ွင္ႏို႔ထပ္စို႔သည္။ထို႔ေနာက္ျပန္အိပ္သည္။
တေန႔နဲ႔တေန႔ထိုအရာမ်ားႏွင့္သာလံုးပန္းၿပီး ၂လခန္႔အၾကာတြင္ သူ႔အား ေရခ်ိဳးသန္႔စင္မည္ဟုဆိုကာ အပ်ိဳေတာ္မ်ားက ေရေႏြးကန္ထဲစိမ္ၾကသည္။
အဲဒီမွာစၿပီးဂြက်ေတာ့တာဘဲ။
ထိုအပိ်ဳေတာ္ေခ်ာေခ်ာေလးေတြကသူ႔အား ပြတ္တယ္ေဆးတယ္တိုက္တယ္ ။ဟိုေနရာမက်န္ သူတို႔မတို႔ထိဖူးတဲ့ေနရာမ႐ွိေအာင္ကိုဘဲ။
ကုန္ပါၿပီ။ငါ့လက္က်န္ ေသာက္႐ွက္ေလး။
မိုးနတ္မင္းႀကီး...တကယ္လို႔ကြၽန္ေတာ္ေသသြားတယ္ဆိုရင္လည္းဘာကိစၥ အဘြားမႈန္ရဲ႕အတိတ္ေမ့ေဆးေရကိုမေသာက္လိုက္ရတာလဲ။
ဒါဆို...ဒီလို..ျဖဴစင္တဲ့ကေလးခႏၶာကိုယ္နဲ႔ညစ္ပတ္တဲ့ ကေပါက္တိကေပါက္ခ်ာအေတြးေတြ ေတြးမိမွာမဟုတ္ဘူး။
ေနာက္ဆံုး သူလက္ေလ်ာ့လိုက္ေတာ့တယ္။
သိကာၡ႐ွိ လူတန္းစားဟန္ကိုထိန္းဖို႔။
ျပဳသမ်ွႏုတဲ့ကေလးေပါက္စပံုစံဘဲဟန္ေဆာင္လိုက္ေတာ့တယ္။
သူတို႔ျမဴရင္မရယ္ခ်င္လည္း ခြက္ထိုးခြက္လန္ေအာ္ရယ္ပစ္လိုက္သည္။
ဗိုက္ဆာလ်ွင္လည္း မ်က္ရည္ဘူးသီးလံုးေလာက္က်ၿပီးထိုင္ငိုပစ္လိုက္သည္။
အိပ္ခ်င္လာလ်ွင္ တဝါးဝါးသန္းၿပီး လက္ကေလးမ်ားအားဆန္႔ထုတ္ၿပီးအေၾကာဆန္႔ျပလိုက္သည္။
အပ်င္းႀကီးတဲ့သူ႔ကိုဒီလိုအားအားယားယားေနခိုင္းတာကတကယ့္ကိုေရနစ္သူဝါးကူထိုးေနသလိုဘဲ။
ငါအသက္ျမန္ျမန္ႀကီးခ်င္ၿပီ။
__________________________________________________________
Hello! Everyone
Yawရဲ႕ Bl Fic ေလးတစ္ခုပါ Supernatural ေလးမို႕စိတ္ဝင္စားစရာေကာင္းေစရပါ့မယ္ 😘🥰
Yaw-Ywet-Kway(Zulay)
Words.3402
Unicode
Part_1
____________________________________
Over My Dear Disciple
____________________________________
ကျွန်ုပ်၏ ချစ်လှစွာသော တပည့်ကျော်
____________________________________
"ဟာ!!!ဟိုမှာ..လူတစ်ယောက်ကား တိုက်ပြီး လွင့်ထွက်သွားပြီ.."
"တစ်ယောက်ယောက်လူနာတင်ယာဉ်ခေါ်လိုက်ပါဦး...သွေးတွေအရမ်းထွက်နေတယ်..."
ကားတိုက်မှုဖြစ်ရာတစ်ဝိုက်တွင်အနီးအနား ရှိလူတော်တော်များများ တစ်နည်းမဟုတ်တစ်နည်းဝေဖန်အကြံပြုလျက်ကားတိုက်ခံရသည့်လူနာအနီးဝန်းရံလာကြသည်။
သွေးသံရဲရဲဖြင့်လဲကျနေသော...လူနာအား တချို့က စပ်စုလိုစိတ်ကြီးသောကြောင့်မကြောက်မရွံ့ တိုးကပ်၍ကြည့်ကြသည်။
တချို့သောအသည်းငယ်သူများက မျက်လုံးနှစ်ဖက်အား လက်အုပ်၍တစ်ဖက်သို့ လှည့်သွားကြသည်။
အား!...ငါလခွမ်း!နာလိုက်တာ။
သောက်ကျိုးနည်း ကားဆရာ..ကားကိုဘယ်လိုများမောင်းနေသလဲ။
မင်းပထွေးတစ်ယောက်လုံးလမ်းဘေးရပ်ပြီးဆေးလိပ်သောက်နေတာမမြင်ဘူးလား။
လမ်းဘေးရပ်နေတဲ့လူကိုဝင်တိုက်ရအောင်မင်းအလုံးကခွေးစားသွားလို့လား။
ဟင်း...ငါအသက်ရှူကျပ်လာပါလား။
ကြည့်ရတာ...အိမ်ထောင်မကျသေးဘဲသေရတော့မယ့်ပုံဘဲ။
ငါမျက်လုံးကလည်းဘာမှမမြင်ရဘူး။
အကုန်လုံး၊အရာခပ်သိမ်းအားလုံးမှောင်မဲနေတာဘဲ။
မဲတာမှ..ဘဂါင်္လီတဲထဲမင်းမထွန်းထားတဲ့အတိုင်းဘဲ။
အား......ချီး...အသက်ရှူရတာဘာကိစ္စပိုကျပ်လာရတာလဲ။
ပြီးတော့...တစ်ယောက်ယောက်က ငါ့ကိုညှစ်နေတယ်။
တစ်ကိုယ်လုံးအညစ်ခံနေရတယ်။
တော်တော်ကြာကြာဖိညှစ်ခံရပြီးနောက်...သူ့ကိုယ်မှာ...ေအးစိမ့်သည့်လေဖြင့် ထိတွေ့လိုက်ရသည်။
ထိုအခါ...သူ့နှာခေါင်းဝသို့ လတ်ဆတ်သည့်လေက လာကျီစယ်သဖြင့်ပြင်းရှစွာရှူသွင်းလိုက်သည်။
"ဖြန်း!!!"
အား!!!! ဘာကိစ္စ ငါ့ဖင်ကိုရိုက်ရတာလဲ။
အရေးပေါ်ခန်းထဲသေမလိုရှင်မလိုဖြစ်ပြီးဝင်လာတဲ့သူကိုအခုလိုဘဲ ဖင်ချတယ်လား။
ဆန်းကြယ်တာ။
"အူဝဲ..အူဝဲ...အူဝဲ..."
"ဟင်း...ငိုပြီ...အရှင်မင်းကြီး ဂုဏ်ယူပါတယ်..မင်းသားလေးက ကျန်းမာသန်စွမ်းသလို...မသန်မစွမ်းဖြစ်ခြင်းလည်းမရှိပါဘူး..."
ကလေးဖင်ကို အသံထွက်စေရန်ရိုက်ပြီးနောက်ပြဲလန်နေသည့်ငိုသံထွက်လာမှသာတော်ဝင်သမားတော်မှာ သက်ပြင်းချနိုင်တော့သည်။
ဤကလေးက အရှင်မင်းကြီး ၏မျှော်လင့်ချက်မဟုတ်ပေဘူးလား။
"သားတော်လေး ...ခမည်းတော်ရဲ့သားတော်လေး...နောက်ဆုံးတော့...ငါကိုယ်တော် မှာ နန်းမွေဆက်ခံမယ့်သားတော်ရှိပြီ...ဟား...ဟား...ဟား...မိုးနတ်မင်းကြီးက အမြင်စူးရှပါပေတယ်..နေဦး...သားတော်လေးရဲ့ ဘယ်ဘက်ရင်ဘက်မှာနေပုံစံအမှတ်လေးပါနေပါလား...ဟားဟား..သားတော်လေး...အခုကစပြီး...သားတော်လေးရဲ့နံမည်ကို ထိုက်ယန်လို့ပေးမယ်နေမင်းလိုထွန်းလင်းတောက်ပနေမယ့်သူမျိုးဒါကြောင့်ရှန်မင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသားနာမည်က ရှန်ထိုက်ယန်"
(Author Note* TàiYáng _ Sun)
"အရှင်မင်းကြီး က တကယ့်ကို အားယန်နဲ့လိုက်ဖတ်မယ့်နာမည်ကိုပေးတတ်ပါပေတယ်..."
"အူးဝဲ...အူးဝဲ.."
"သားတော်လေးငိုနေပြီ မိဖုရား..."
"ကြည့်ရတာဗိုက်ဆာလို့ထင်ရဲ့...လာ...ဒီမယ်တော်က သားတော်လေးကိုနို့ချိုတိုက်ကျွေးမယ်..."
"အူးဝဲ...အူးဝဲ..."
ငါ့ကိုဘာလို့ချီထားကြတာလဲ။
ငါ့စကားပြောရင်ဘာကြောင့်ကလေးငိုသံဘဲထွက်ထွက်လာရတာလဲ။
ငါကအခုသေ ၊အခုချက်ချင်း ဝင်စား ၊အခုချက်ချင်း ထုတ်မွေးဘဝရောက်သွားတာတော့မဟုတ်ပါဘူးနော်။
လောကနိယာမကြီးက ကပြောင်းကပြန်ဖြစ်သွားတာတော့မဟုတ်ပါဘူးနော်။
၉လလွယ်၁၀လဖွားအဆင့်တွေလွန်ထွက်ကုန်ပြီ။
ဒါဖြင့်...ငါကတကယ်သေ သွားခဲ့ပြီဘဲ။
"လာ...ဒီမယ်တော်က သားတော်လေးကိုနို့ချိုတိုက်ကျွေးမယ်.."
မျက်စိစုံမှိတ်ပြီးပြဲအော်နေရာမှ သူ့အသံများရုတ်တရက်ရပ်သွားသည်။တစ်စုံတစ်ခုက သူ၏အော်ငိုနေသည့်ပါးစပ်အားပိတ်လိုက်သောကြောင့်။
ထင်ထားသည့်အရာမဖြစ်ပါစေနဲ့ဟု မျက်လုံးအားမသိမသာဖွင့်ကြည့်သည့်အခါ မြင်လိုက်ရသည်က ဝင်းမွတ်ဖြူစင်နေသည့်ဖွံ့ဖွံ့ထွားထွားပေါက်စီနှစ်လုံး။
နှစ်လုံးထဲမှတစ်လုံးမှ သူ့ပါးစပ်ထဲနစ်ဝင်လျက်။
သောက်ကျိုးနည်း.. .။
သူ့လည်ချောင်းထဲရှိသွေးများအန်ထွက်တော့မလိုပင်ခံစားလိုက်ရသည်။
ထိုနို့ရည်အားမသောက်ချင်သဖြင့်သူလက်ဖြင့်အတင်းတွန်းတိုးထုတ်မိသည်။
သို့သော်သူ၏လက်ဖဝါးနုနုသေးသေးလေးများက တပါးသူအားအယားပင်ပြေစေမည်မထင်။
"အရှင်မင်းကြီး ကြည့်ပါဦး...အားယန်လေးကဆော့လိုက်တာ...ကျွန်တော်မျိုးမကိုသူ့လက်လေးနဲ့လိုက်ပုတ်နေတော့တာဘဲ"
ဘာကိုတိုင်တည်၍ဆဲရမှန်းမသိတော့သည့်...ထိုက်ယန်..."•••"
ထားလိုက်တော့..ငါကအခုကလေးဘဲ။
ကလေးလိုဘဲဖြူဖြူစင်စင်လေးနေတာပေါ့။
ကောင်းပြီ...။ဒါကဒီဘဝရဲ့ငါ့မိခင်။
ထိုက်ယန်သူ့စိတ်ကိုဖြေလျှော့ပြီးမျက်လုံးစုံမှိတ်ကာအနားယူလိုက်တော့သည်။
"အားယန်လေးက နို့စို့ရတာပင်ပန်းသွားပြီထင်ပါ့...အိပ်တောင်ပျော်သွားပြီ..."
__________________________________________________________
ဒီရက်တွေအတွင်း သူ့လောက်စိတ်ချမ်းသာတာသူဘဲရှိမည်ထင်၏။
မနက်မိုးလင်းမျက်လုံးနှစ်လုံးဖွင့်သည်နှင့်နို့တန်းစို့သည်။ထို့နောက်အကြောင်းအရင်းမရှိ ထငိုသည်။နို့ထပ်စို့သည်။ပြန်အိပ်သည်။နိုးလာပြန်လျှင်နို့ထပ်စို့သည်။ထို့နောက်ပြန်အိပ်သည်။
တနေ့နဲ့တနေ့ထိုအရာများနှင့်သာလုံးပန်းပြီး ၂လခန့်အကြာတွင်သူ့အားရေချိုးသန့်စင်မည်ဟုဆိုကာ အပျိုတော်များကရေနွေးကန်ထဲစိမ်ကြသည်။
အဲဒီမှာစပြီးဂွကျတော့တာဘဲ။
ထိုအပျိုတော်ချောချောလေးတွေကသူ့အား ပွတ်တယ်ဆေးတယ်တိုက်တယ်။ဟိုနေရာမကျန်သူတို့မတို့ထိဖူးတဲ့နေရာမရှိအောင်ကိုဘဲ။
ကုန်ပါပြီ။ငါ့လက်ကျန်သောက်ရှက်လေး။
မိုးနတ်မင်းကြီး...တကယ်လို့ကျွန်တော်သေသွားတယ်ဆိုရင်လည်းဘာကိစ္စ အဘွားမှုန်ရဲ့အတိတ်မေ့ဆေးရေကိုမသောက်လိုက်ရတာလဲ။
ဒါဆို...ဒီလို..ဖြူစင်တဲ့ကလေးခန္ဓာကိုယ်နဲ့ညစ်ပတ်တဲ့ ကပေါက်တိကပေါက်ချာအတွေးတွေတွေးမိမှာမဟုတ်ဘူး။
နောက်ဆုံး သူလက်လျော့လိုက်တော့တယ်။
သိက္ခာရှိ လူတန်းစားဟန်ကိုထိန်းဖို့။
ပြုသမျှနုတဲ့ကလေးပေါက်စပုံစံဘဲဟန်ဆောင်လိုက်တော့တယ်။
သူတို့မြူရင်မရယ်ချင်လည်း ခွက်ထိုးခွက်လန်အော်ရယ်ပစ်လိုက်သည်။
ဗိုက်ဆာလျှင်လည်း မျက်ရည်ဘူးသီးလုံးလောက်ကျပြီးထိုင်ငိုပစ်လိုက်သည်။
အိပ်ချင်လာလျှင်တဝါးဝါးသန်းပြီး လက်ကလေးများအားဆန့်ထုတ်ပြီးအကြောဆန့်ပြလိုက်သည်။
အပျင်းကြီးတဲ့သူ့ကိုဒီလိုအားအားယားယားနေခိုင်းတာကတကယ့်ကိုရေနစ်သူဝါးကူထိုးနေသလိုဘဲ။
ငါအသက်မြန်မြန်ကြီးချင်ပြီ။
__________________________________________________________
Hello! Everyone
Yawရဲ့ Bl Fic လေးတစ်ခုပါ Supernatural လေးမို့စိတ်ဝင်စားစရာကောင်းစေရပါ့မယ် 😘🥰
Yaw-Ywet-Kway(Zulay)
Words.3402