book

Index 51

Epilogue

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

ထိုသို့ဖြင့် ဒီ Azeroth ကမ္ဘာတွင် ကျွန်​တော်တို့ သမိုင်းသစ်စခဲ့​လေသည်။ ကျွန်​တော်တို့သည် ​သွေးဆာ​နေ​သော လူသတ်​ကောင်များလို တရကြမ်းဝင်လာခဲ့သည်ဖြစ်​​သော​ကြောင့် လူသားများက မုန်းကြသည်မှာလည်း မထူးဆန်းပါ​။ ယခုထက်ထိလည်း အ​တော်များများက မုန်း​နေကြ​သေး၏။ တစ်​နေ့​နေ့တွင်​တော့ သူတို့လည်း ကျွန်တာ်တို့ကို နားလည်လာပါလိမ့်မည်။ ကျွန်​​တော်တို့လည်း နာကျင် ဆုံးရှုံးခဲ့ဖူး​ကြောင်းကို​ပေါ့။

Forstwolf အဖွဲ့ နယ်နှင်ခံရမည်ဟုတ် ကျွန်​တော့အ​ဖေ ခန့်မှန်းခဲ့တာ မှန်ပါသည်။ Azeroth သို့ ​ရောက်ပြီး သိပ်မကြာခင်ပင် Gul'dan က ကျွန်​တော်တို့အဖွဲ့ကို နှင်ထုတ်ခဲ့​​သောကြောင့် Alterac ​တောင်တန်းများကြားတွင် ခက်ခက်ခဲခဲ​နေထိုင်ခဲ့ရသည်။

ကျွန်​တော့်ကို ​မွေးဖွားပြီး​သောအခါ အ​ဖေသည် သူသိ​သော အ​ကြောင်းများကို ​ပြောပြချိန်တန်ပြီဟု ဆုံးဖြတ်ပြီး​နောက် သူ့ကို ယုံကြည်သည့် မိတ်ဆွေ​ဟောင်း Orgrim Doomhammer ကို ဖွင့်​ပြောခဲ့သည်။ ကျွန်​တော်အရွယ်​ရောက်လာသည့်အခါတွင်လည်း Orgrim နှင့် မိတ်​ဆွေဖြစ်လာခဲ့ကာ ယခု Doomhammer ​ဟောကိန်းကိုလည်း ဖြည့်ဆည်းခဲ့ပြီး​လေပြီ။

သူတို့နှစ်​ယောက်ကို ဂုဏ်ပြုသည့်အနေဖြင့် ဒီ​မြေကို Durotar ဟု​ခေါ်ကာ ဒီအကြီးဆုံးမြို့ကို Orgrimmar ဟု အမည်​ပေးခဲ့၏။

"အဖွဲ့​ခေါင်း​ဆောင်!" Eitrigg ၏ နက်နဲ​သောအသံ ထွက်လာ၏။

"ဘာဖြစ်တာလဲ?"

"သတင်းအသစ်ရတယ် ဆရာ။ ကျွန်​တော်တို့ မိတ်ဆွေကြီးက ဆရာသိမှ ဖြစ်မယ်ထင်တဲ့ အရာတစ်ခုကို သိလာတယ်"

"သူ့ကို အထဲ​ခေါ်ခဲ့ ပြီးရင် ငါတို့နှစ်​ယောက်တည်းထားခဲ့"

Eitrigg က ​ခေါင်းညိတ်ကာထွက်သွားပြီး များမကြာမီ လူသားတစ်​ယောက်ဝင်လာ၏။

"တစ်ခုခုစားမလား? ​သောက်မလား? " ထိုလူသား​ကြောက်သွားမည်စိုး၍ Thrall အသံကိုညင်ညင်သာသာထားကာ ​ပြောလိုက်သည်။

" ​ရေ ..​ရေ​ပေးလို့ရရင်​ပေးပါ"

Thrall က ဖလားတစ်ခွက်ဖြင့် ​ရေခပ်​​ပေးလိုက်​သော် ထိုလူသားက မက်မက်​မော​မော​​သောက်လိုက်သည်။

"​ကျေးဇူးတင်ပါတယ် စစ်​ခေါင်း​​ဆောင်" လူသားအသံက ပိုမိုတည်ငြိမ်သွား၏။

"သတင်းကို​ပြောပါဦး"

ထိုလူက ဖြူ​ဖျော့သွား၏။ Thrall သက်ပြင်းချလိုက်သည်။ သတင်းဆိုးယူ​ဆောင်လာ၍ ဆက်သားကို သန်ပစ်ရ​လောက်​​အောင် သူမမိုက်မဲပါ။

"မ​ကြောက်ပါနဲ့။ သတင်းက ဆိုးဆိုး၊ ​ကောင်း​ကောင်း ငါ လက်ခံမှာပါ"

လူသားက စိတ်သက်သာသွားပုံရကာ အသက်ပြင်းပြင်းရှူလိုက်သည်။

"သခင်..... Draenei ​တွေ Azeroth ကို ​ရောက်လာကြပြီ"

Thrall စိတ်ရှုပ်သွားသည်။

"Draenei ​တွေ ဒီ​ရောက်​နေတာ ကြာလှပြီပဲ။ ငါတို့သိပြီးသားပါ။ ဒါ သတင်းမဟုတ်ဘူး​လေ မိတ်​ဆွေ"

"မဟုတ်ဘူး.. အဲ့လို သနားစရာ​ကောင်​တွေ မဟုတ်ဘူး သူတို့က ​ကောင်းကင်​​ပေါ်မှာပျံတဲ့ ယာဥ်ကြီးတစ်စီးနဲ့ ​ရောက်လာတာ။ လွန်ခဲ့တဲ့နှစ်ရက်က ကြယ်​ကြွေသလိုမျိုး ကျလာတာ"

ထိုကြယ်​ကြွေလာသလို အရာကို လူတိုင်းမြင်လိုက်ကြပါသည်။ ဒါဆို အဲ့ဒါက ကြယ်မဟုတ်ဘဲ.. ယာဥ်တစ်စီးပေါ့..

ထိုလူက စကားဆက်​ပြော​နေဆဲပင်။

"Proudmore က သူတို့ကို ကူညီဖို့ သ​ဘောတူလိုက်တယ်။ အဲ့ဒီ့ထဲက တစ်​ယောက်က.. ထူးခြားတယ်။ ဖြူ​ဖျော့​နေပြီး အာဏာရှိတဲ့ပုံပဲ.. သိပ်ကြံ့ခိုင်တဲ့ပုံမရ​ပေမယ့်.... သူ့ကို Velen လို့ ​ခေါ်ကြတယ်"

Thrall ​ကြောင်သွားသည်။ Draenei? ​ရှေ့ဖြစ်​​ဟော Velen? ဒီ​​ရောက်​နေတယ်?

သူ အံ့သြသွားလွန်း​သော​ကြောင့် ထိုင်ခုံ​ပေါ်သို့ ထိုင်ချလိုက်ရ၏။

Ore တို့၏ အကြီးမားဆုံး​သော ရန်သူများ ဒီ Azeroth ကို ​ရောက်လာခဲ့ပြီ။ မဟာမိတ်​တွေကလည်း လက်ခံလိုက်ပြီ..။


Horde တို့နဲ့ မဟာမိတ်တို့ကြား ဘယ်လိုလုပ် ငြိမ်းချမ်း​တော့မှာတဲ့လဲ ..?

"ဘိုး​ဘေး​တွေ ကယ်တင်​ပါ.." Thrall ​ရေရွတ်လိုက်မိသည်။

Note :

စာအုပ်ပြီး​အောင် ဖတ်​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ်ရှင့်! အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl


rate now: