book

Index 49

49

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ကမ္ဘာကြီးရှိ သဟဇာတဖြစ်မှုများကို ကိုယ်တိုင် ဖျက်ဆီးလိုက်​သော​ကြောင့် ဓါတ်ကြီး​လေးပါးကလည်း ကျွန်​တော်တို့ကို လျစ်လျှူရှုလိုက်​လေပြီ။ Oshu'gan ​တောင်ထိပ်ကိုလည်း မ​ကောင်းဆိုးရွားများက ​စောင့်ကြပ်​​နေ၏။ အ​တော်များများ မက်​မောစွာ​သောက်သုံးခဲ့သည့် ​သွေးများ​ကြောင့် ခန္ဓါကိုယ်များမှာလည်း ပျက်စီးစပြုပြီ။ ထိုအရာအားလုံးကို GuYdan ၏ ဦး​ဆောင်မှု​အောက်တွင် ကျွန်​တော်တို့ ကိုယ်တိုင်လုပ်ခဲ့ခြင်းပင်ဖြစ်သည်။ Kil'jaden ကလည်း ထွက်သွားခဲ့ပြီ။ အရာအားလုံး ​သေဆုံး​တော့မည့် အချိန်သို့ ​ရောက်လာ​​လေပြီ။

"ငါ ဘာလုပ်ရမလဲ" ထိုစကားလုံးများ သူ့ပါးစပ်မှ​ထွက်လာ​သည်ကို Gul'dan အံ့သြ​နေမိသည်။

"ဒါမင်းကိုယ်တိုင်​ရွေးခဲ့တာပဲ​လေ" Ner'zhul က ဝင်​ထောက်သည်။

"ခင်ဗျားအပြစ်မပါတာကျ​နေတာပဲ"

"ဟုတ်တာ​ပေါ့ ငါလည်းမှားခဲ့တယ်။ ဒါ​​​ပေမယ့် ငါက ကိုယ့်လူမျိုးတစ်ခုလုံးကို မလဲခဲ့ဘူး​လေ။ မင်းရမယ်ဆိုတဲ့ အစွမ်း​တွေ ဘယ်မှာလဲ Gul'dan? "

Gul'dan တုန်လှုပ်ကာ ထွက်သွားသည်။ Ner'zhul ​ပြောတာ​တွေ မှန်​နေ၍ အရှိုက်ထိသွားခြင်းပင်။

ဆုလာဘ်​တွေရဖို့​နေ​နေသာသာ Kil'jaden က ဒီတိုင်းကြီး ​ပျောက်သွားခဲ့သည်။ မ​ကောင်းဆိုးရွားများ Warlock များ ရူးသွပ်​နေ​သော Horde တို့နှင့် သုံးစားမရ​တော့​သော ​မြေကိုသာ ချန်ထားခဲ့၏။

"မဟုတ်​ဘူး။ ဒါအကုန်မဟုတ်သေးဘူး"

Shadow Council နှင့် ရုပ်​သေးရုပ် Blackhand ကျန်ပါ​သေးသည်။

သူတို့ကို Black Temple သို့ ဆင့်​ခေါ်ရမည်။

"ဟုတ်တယ်။ Shadow Council ကျန်​သေးတယ်"


"​မြေက သုံးစားမရ​တော့ဘူး"

Durotan က သူ့သူငယ်ချင်း​ဘေးတွင်ရပ်ကာ ​မြေကြီးကို ကန်လိုက်ရင်း​ပြောသည်။ အဝါ​ရောင်မြက်များ​အောက်တွင် ဖွာ​နေ​သောဖုန်နှင့် ခဲလုံးများသာ ကျန်​တော့၏။

Orgrim က ဘာမှမ​ပြော​သော်လည်း သူ့မျက်လုံးများက ​ထောက်ခံ​နေ၏။ Durotan နှင့် သူတို့ ငယ်ငယ်တုန်းက ​ရေကူးပြိုင်ခဲ့သည် မြစ်မှာ ​ရေစီးဆင်းခဲ့သည့် အစအန မရှိ​တော့။ တိရစ္ဆာန်အ​လောင်းများနှင့် အနည်အနှစ်များသာ ကျန်​တော့သည်။ ထို​ရေကို ​သောက်လျှင် ဖျားနာမည်၊ မ​သောက်လျှင်လည်း ​ရေငတ်​သေရုံသာရှိမည်။

​ရေမရှိလျှင် အပင်မရှိ။ ဘယ်နည်းနှင့် ဆက်ရှင်​နေမှန်းမသိ​သော Terokkar ​တောအုပ်လို ​တောအုပ်များက​တော့ ဟိုတစ်စု၊ ဒီတစ်စုရှိ​နေသည်။ အပင်မရှိလျှင် သား​​ကောင်မရှိ​သော​ကြောင့် ore များမှာ ပိန်လှီလာကြသည်။ လွန်ခဲ့​သော ၃နှစ်အတွင်း ငတ်ပြတ်၍​သေသည်မှာ စစ်ပွဲအတွင်း​သေသည်ထက် ပိုများခဲ့၏။

"သုံးစားမရတာ​ထက်​တောင် ဆိုးပါတယ်...။ Frostwolf အဖွဲ့​ရော ဘယ်ကစားစရာရ​နေလဲ"

သူ​ရော Durotan ပါ အစိမ်း​ရောင်ဖြစ်နေ​သော်လည်း ​​သွေးကိုတိုက်ရိုက်​သောက်ခဲ့သူများထက်​တော့ ညိုပါ​သေးသည်။ စိမ်းရမည့် ​မြေပြင်က ညိုသွားပြီး ညိုရမည်ြအသားများက စိမ်းလာခြင်းမှာ တစ်မျိုးရယ်စရာဖြစ်​နေ၏။

"တိုက်ပွဲမှာ လက်နက်​တွေအခိုးခံလိုက်ရတယ်"

"ဘယ်အဖွဲ့လဲ?"

"Shattered Hand"

Orgrim ​​ခေါင်းညိတ်လိုက်သည်။ Draenei ​တွေကို သတ်ဖို့မ​ပြောနှင့် တစ်​ကောင်တစ်မှီးမှ မ​တွေ့ရ​တော့သည်မှာ ​ခြောက်လခန့်ရှိပြီဖြစ်​သော်လည်း Durotan တို့အဖွဲ့က ​သွေး​သောက်ရန် ငြင်းဆန်ခဲ့မှု​ကြောင့် အငြိုးထားခံ​နေရဆဲဖြစ်သည်။

"​နောက်တစ်ခါလာရင် စားစရာ​တွေ ယူခဲ့မယ်"

"မင်းလှူတာကို ငါမယူနိုင်ဘူး"

"မင်း​နေရာမှာ ငါသာဆို ငါ့ကိုအ​သေရိုက်ပြီး စားစရာ​တွေ အတင်း ထိုးထည့်မှာမလား"

Durotan ​ရော Orgrim ပါ ရယ်လိုက်မိသည်။ ဖြစ်ပျက်​နေ​သည့် ကိစ္စအားလုံးကို ခဏမျှ​မေ့သွားသလိုပင်။

"က​လေး​တွေအတွက် ​တွေးပြီး လက်ခံလိုက်ပါမယ်"

Durotan က ​​ပြောပြီး ပျက်စီး​နေ​သော ​မြေကို ပြန်ကြည့်လိုက်သည်။ ဆိုးရွား​သော ​မှောင်မိုက်​သော နာမည်အသစ်များ ထွက်​ပေါ်လာသည်။ ခံတပ်ကို Hellfire ခံတပ်ဟု​ခေါ်ကာ ​နေရာတစ်ခုလုံးကို​တော့ Hellfire ကျွန်းဆွယ်ဟု​ခေါ်​နေကြသည်။

"တစ်ခုခုမလုပ်ရင် Draenei မျိုးသုဥ်းတာက​နေ Ore ​တွေပါ မျိုးသုဥ်း​တော့မယ်။ ​မြေကြီးက​နေ စားစရာမရ​တော့​လို့ အစာလုဖို့ တစ်​ယောက်နဲ့တစ်​ယောက် တိုက်လိုက်​နေရတယ်။ Warlock ​တွေကလည်း ဖျက်ဆီးဖို့ တိုက်ခိုက်ဖို့ပဲရတယ်။ ကယ်တင်ဖို့ကျ​တော့ မလုပ်တတ်ဘူး"

Orgrim က ခပ်တိုးတိုး​မေးသည်။

"ဓါတ်ကြီး​လေးပါးနဲ့ ဆက်သွယ်ဖို့ လုပ်ကြည့်ကြ​သေးလား"

"လုပ်လို့မရဘူး။ Oshu'gan ​တောင်ကိုလည်း မ​ကောင်းဆိုးရွား​တွေက ​စောင့်​နေ​တော့.. ​မျှော်လင့်ချက်မရှိဘူး"

"ဒါဆိုရင်.. သွားပြီ​ပေါ့"

Orgrim သူ့တူကို ငုံ့ကြည့်လိုက်သည်။ Doomhammer ​ဟောကိန်းက တကယ်ဖြစ်လာ​တော့မှာလား။

ဒါ​ပေမယ့်... အရာအားလုံး ​သေမလိုဖြစ်​နေတာကို.. ဘယ်လိုလုပ် အဆင်ပြန်​ပြေ​အောင်လုပ်နိုင်မှာလဲ?


အသက်ရှင်ချင်စိတ်က စွမ်းအားကြီးတယ်... Gul'dan အိပ်ဖို့ပြင်​နေရင်း ​တွေးမိသည်။ Black Temple ထဲမှ ​သေချာပြင်ဆင်ထားသည့် အခန်းတစ်ခန်းထဲတွင် သူ​နေသည်။ ထိုအခန်းထဲတွင် မ​ကောင်းဆိုးရွားများကို ဆင့်​ခေါ်ရာတွင် လိုအပ်သည့် ကိရိယာတန်ဆာပလာများ၊ အရိုး​ခေါင်းများအစုံရှိပြီး အ​မွှေးနံ့သာများကို မီးမြိုက်ထား၍ ​မွှေးကြိုင်​နေသည်။ Velen တစ်​ယောက် Black Temple တွင် ​နေခဲ့တုန်းက အိပ်သည့် အိပ်ရာနှင့် တူမည် ဟု သူ​တွေးမိသည်။ ထို့​နောက် လျင်မြန်စွာ အိပ်​ပျော်သွား​တော့သည်။

Kil'jaden ထွက်သွားကတည်းက မမက်ဖြစ်​တော့​သော အိပ်မက်ကို မက်​နေသည်။ ခံစားချက်က ​မှောင်မိုက်ကာ ထူးဆန်း​​နေ​သော်လည်း အမှန်ဖြစ်​ကြောင်း သူသိ​နေ၏။ ပိန်ပါးလှ​သော ore အထီးတစ်​ယောက်ကို မြင်​နေရသည်။ ထိုလူစိမ်းထံမှ ရ​သော အစွမ်းမှာ ကြီးမားလှ၍ တုန်လှုပ်သွားမိသည်။ လူစိမ်း၏ အသံမှာ ​ယောက်ျားပီသလှပြီး နား​ထောင်​ကောင်းလှသည်။

"မင်းကို တစ်​ယောက်တည်းထားခဲ့တယ်လို့ မင်းခံစား​နေရတယ်"

Gul'dan စိတ်အားထက်သန်စွာ ​ခေါင်းညိတ်လိုက်သည်။

"မင်းမြင်​တောင်မမြင်ဖူးတဲ့ အာဏာ​တွေ အစွမ်း​တွေ ​ပေးမယ်လို့ Kil'jaden က ကတိ​ပေးခဲ့တယ်..."

သူ့စကားများကို Gul'dan ​ကြောက်​သော်လည်း ​ဒေါသစိတ်က ပိုသွားသည်။

"သူ ကျုပ်ကိုထားခဲ့တယ်။ ကျုပ်တို့ ကမ္ဘာကို ဖျက်စီးခိုင်းပြီး​တော့ ​သေဖို့ပစ်ထားခဲ့တာ။ ခင်ဗျားလည်း သူ့ဆီကလာတာဆိုရင်-"

"မဟုတ်ဘူး။ မဟုတ်ဘူး..။ ငါက သူ့ထက်မြင့်တဲ့​နေရာကလာတာ..။ ငါက သူ့ဆရာဆီက​နေလာတာ"

Gul'dan ကြက်သီးများပင်ထသွားသည်။

"သူ့....ဆရာ?"

သူ​နောက်ပြန်လန်ကျသွားချိန် ​ခေါင်းထဲ၌ ပုံရိပ်များ တိုးဝင်လာ၏။ Kil'jaden, Velen နှင့် Archimonde တို့ Eredar များဘဝမှ​နေ၍ မ​ကောင်းဆိုးဝါးများ demigod များ အဖြစ်သို့ ကူး​ပြောင်းသွားပုံများ... ၎င်းတို့​နောက်မှာ ရှိတဲ့ အင်အားကြီး​သော-

"Sargeras!"

လူစိမ်းမျက်နှာကိုမမြင်ရ​သော်လည်း သူပြုံး​နေသည်ကို ခံစားမိ၏။

"ဟုတ်တယ်။ အရာအားလုံးကို ပိုင်စိုးတဲ့သူပဲ! ပျက်သုဥ်းခြင်းနဲ့ ဖျက်ဆီးခြင်းဆိုတာ လှပမွန်မြတ်တယ်ဆိုတာ မင်းနားလည်လာမှာပါ Gul'dan.. အရာအားလုံး ဒီလမ်းကို သွားရမှာပဲ။ မင်း ငြင်းဆန်ပြီး အဖျက်စီးခံမလား၊ ကူညီပြီး​တော့ ဆုယူမလား"

ထိုပျားရည်သုတ်ထား​သော စကားများကို Gul'dan လန့်စပြုပြီ။

"ကျွန်​တော်က ဘာပြန်လုပ်​ပေးရမှာလဲ

"မင်းတို့လူ​တွေ ​သေ​တော့မယ်။ ဒီကမ္ဘာမှာ သူတို့ ဖျက်ဆီးစရာ​ရော ​နေထိုင်စရာပါမရှိ​တော့ဘူး။ စားစရာ ​သောက်စရာရှိပြီး သတ်ဖြတ်စရာ သား​ကောင်ရှိတဲ့ ​နေရာတစ်​နေရာကိုသွားရမယ်။ ore ​တွေ အခုဆာ​လောင်​နေတာ စားစရာမဟုတ်​တော့ဘူး။ သူတို့ ​သွေးဆာ​နေတာကို ​ဖြေ​ဖျောက်ခိုင်းလိုက်ပါ"

Gul'dan မျက်​မှောင်ကြုတ်သည်။

"ခင်ဗျား​ပြောတဲ့ဟာ​တွေက ​ကောင်းလွန်း​နေတယ်။ တာဝန်တစ်ခုနဲ့ မတူဘူး"

" နှစ်ခုလုံးပဲ...။ ဒါ​ပေမယ့် အဲ့ဒါအကုန်မဟုတ်​သေးဘူး။ မင်း Shadow Council ကို အုပ်ချုပ်ခဲ့တာပဲ အာဏာရဲ့ အရသာကို သိမှာပါ။ ​တွေးကြည့်စမ်း ..မင်းသာ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ရင်.."

Gul'dan တုန်လှုပ်သွားသည်။ Kil'jaden ကလည်း ထိုသို့​ပြောခဲ့ဖူး​သော်လည်း Sargeras က ပိုမိုဖြည့်ဆည်း​ပေးနိုင်​ကြောင်းကို သူသိ​နေသည်။ သူ လက်ညိုးညွှန်ရာ ​ရေဖြစ်ဖို့ စိတ်ကူးဖူးသည်။ ​ထောင်​ပေါင်းများစွာ​သောသူတို့က မော်ကြည့်ကာ သူ့နာမည်ကို ​အော်ဟစ်​နေကြသည်။ ​တွေးကြည့်ရင်းနှင့်ပင် သူ သားရည်ယိုလာမိသည်။

"ငါတို့မှာ ဘုံရန်သူရှိတယ်။ ငါက သူတို့ကို​သေ​စေချင်တယ်။ မင်းရဲ့လူ​​တွေလည်း သတ်စရာရမယ်။ ဒါ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ပူး​ပေါင်းမှုပဲ"

"ဟုတ်တာ​ပေါ့" Gul'dan သတိမထားမိလိုက်ဘဲ ထိုလူစိမ်းဆီကို တိုးသွားမိသည်။

"ဒါ​ပေမယ့် ခင်ဗျား ​လိုချင်တာ ဒါပဲဆိုတာ မယုံနိုင်​သေးဘူး"

လူစိမ်းက သက်ပြင်းချလိုက်သည်။

"Sargeras ​ပေးမှာ ဒါတင်မက​သေးဘူး။ တစ်ခုပဲ.. သူ အကျဥ်းကျ​နေတယ်။ သူ့ခန္ဓါကိုယ်က ​​မှောင်မိုက်တဲ့ သမုဒ္ဒရာကြီးရဲ့ ​အောက်​ခြေက ​ရှေး​ဟောင်း​အ​ခေါင်းတစ်ခုထဲ​ရောက်​နေတယ်။ မင်းတို့ ​သွေးဆာ​နေသလိုပဲ သူလည်း လွတ်လပ်ခြင်းကို ဆာ​လောင်​နေတယ်။ မင်းတို့ Ore ​တွေကို ဒီ မပျက်စီး​သေးတဲ့ ကမ္ဘာကို​ခေါ်လာပါ။ မင်းတို့ပုဆိန်​တွေကို ဒီလတ်ဆတ်တဲ့ အ​သွေးအသား​တွေနဲ့ ထိ​​တွေ့ခွင့်​ပေးပြီး ငါ့ဆရာကိုကယ်မယ့် ဒီလမ်းကို လိုက်ခဲ့ကြပါ ... မင်း​တွေးနိုင်တာထက်ကို ပိုလိမ့်မယ် Gul'dan "

Gul'dan ​တွေး​နေစဥ် ထိုလူစိမ်းက​ပျောက်သွားကာ လှပ​သော လွင်ပြင်တစ်ခုသို့ သူ​ရောက်သွား၏။ သူတစ်ခါမှ မမြင်ဖူးသည့် တိရစ္ဆာန်များ​ပြေးလွှား​နေကြသည်။ Ore တို့နှင့်ဆင်ကာ လူစိမ်းကဲ့သို့ ပိန်ပါးသည့် ပန်း​ရောင်သန်း​သော သက်ရှိများ နှင့် ကျွဲနွားများ...

ပြီးပြည့်စုံသည်။

ရုတ်တရက် သူ​​ရေ​အောက်သို့​ရောက်သွားကာ အသက်မရှူနိုင်ဖြစ်သွားသည်။ Sargeras ပိတ်မိ​နေသည့်​နေရာ ဖြစ်​ကြောင်း သူသ​ဘော​ပေါက်သွား၏။ သူ့ကို ကယ်ရမယ် ပြီးရင်....ပြီးရင်

​​ကောင်းမွန်​သော ပူး​ပေါင်းမှုတစ်ခုပင်။ ဒီကမ္ဘာမှာ ​နေရတာနဲ့စာလျှင် အကုန်သာသည်။ လှပ​သော ​မြေဩဇာကြွယ်ဝ​​သော ​မြေနှင့်... ​နောက်ထပ်ဆုလာဘ်များ။ သူ ထိုလူစိမ်းကို စိုက်ကြည့်လိုက်သည်။

"ဘာလုပ်ရမလဲသာ​ပြောပါ"

ကြမ်းပြင်​ပေါ်တွင် ​ခြေကားယားလက်ကားယားဖြင့် Gul'dan နိုးလာသည်။ သူ့​ဘေးတွင်​တော့ လမ်းညွှန်ချက်များ​ရေးထားသည့် ပုရပိုက်တစ်ခု။ သူ လျင်မြန်စွာ ဖတ်ကြည့်လိုက်သည်။

မုခ်ဝ ၊ Azeroth ၊ လူသားများ။

Medivh

Gul'dan ပြုံးလိုက်မိပါသည်။



Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl


rate now: