book

Index 44

44

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

44


နှစ်ပေါင်းများစွာကြာသွားခဲ့သည့်တိုင် ယခုချိန်ထိ Shadow Council တွင်မည်သူများပါမှန်း သေချာမသိရ။ Gul'dan က သေဆုံးသည်အထိ လျှို့ဝှက်ချက်များစွာ သယ်ယူသွားခဲ့သည်။ လူတစ်ယောက်က သူ့တစ်မျိုးဆက်လုံးကို သေတွင်းပို့ရသည်အထိ မိုက်မဲရအောင် ဘယ်လောက်ထိ အာဏာရူးခဲ့လဲ ကျွန်တော်တွေးမရပေ။ အရေအတွက်မှာ အခုထက်ထိ ‌အသေအချာတွက်ချက်မရပါ။ ကျွန်တော် စိတ်ကူးနိုင်သည်ထက် များစွာ ပိုနိုင်၏။

"ကောင်းလိုက်တဲ့ စမ်းသပ်ချက်" Kil'jaden က ပြုံးပြီးပြောသည်။ Gul'dan က ကျေနပ်နေ၏။ Ner'zhul ကတော့ ကြမ်းပြင်ကိုကြည့်နေသော်လည်း နားထောင်နေသည်။

"Durotan လုပ်နိုင်တာ အံ့ဩမိတယ်။ နည်းနည်းတော့ ပုန်ကန်ဦးမယ်ထင်ခဲ့တာ။ ဒါပေမယ့် မြို့က ကျွန်တော်တို့ လက်အောက်ရောက်နေပါပြီ သခင်။ အဲ့မှာ နေခဲ့တဲ့ Draenei အတော်များများ သေ‌ကုန်ကြပြီ"

"အတော်များများဆိုတာနဲ့ မရသေးဘူးလေ Gul'dan မင်းသိပါတယ်"

ထိုစကားကြောင့် Gul'dan စိတ်ပျက်သွားမိသည်။ ထို့နော် သခင်ကြီးနှင့် Draenei တို့အကြားက ဆက်နွယ်မှုကို တွေးမိပြန်သည်။ ဘာလို့ သခင်ကြီးက သူတို့ကို ဒီလောက်ရွံရှာနေရတာလဲ။

"အမဲလိုက်အဖွဲ့တွေကို မဟုတ်ဘဲ အသေအချာတိုက်တာ ဒါပထမဆုံးပါ သခင်ကြီး" ထိုစကား ပြောလိုက်မိသည့်အတွက် သူ့ကိုယ်သူ အံ့ဩသွားသည်။ Kil'jaden က ခေါင်းညိမ့်သည်။

"ဟုတ်တော့ဟုတ်ပါတယ်"

Telmor မြို့ကျဆုံးခဲ့သည်မှာ ရက်အနည်းငယ်ရှိခဲ့ပြီ။ Durotan လုပ်ရပ်ကို အထင်ကြီးမိ၍ Frostwolf အဖွဲ့အား မြို့ကို အပိုင်စားပေးဖို့လုပ်သော်လည်း Durotan က ငြင်းဆန်ခဲ့သည်။

Blackrock တို့ကတော့ ဒီလောက်မမိုက်မဲ။ Blackhand နှင့်မိသားစုမှာ ယခင်က တရားသူကြီးနေခဲ့သည့်အိမ်တွင် နေနေကြပြီဖြစ်သည်။ Ore တို့မှာ Draenei တို့ နေထိုင်ပုံကိုပါ အတုယူနေကြပေပြီ။ စားပွဲ ကုလားထိုင်တို့ကို အသုံးပြုလာကြပြီး Blackhand အဖွဲ့ဝင်များမှာ Draenei တို့ အဝတ်အစားကိုပါ ရိုးရာအဝတ်နှင့် ပူးပေါင်းဝတ်ဆင်နေကြလေပြီ။

အတော်များများက သူနှင့် Ner'zhul  မြို့ကို ဘာလို့မယူလဲ တွေးနေကြမှန်း Gul'dan သိသည်။ သခင်ကြီး အကြံပေးချက်ကို လိုက်နာခဲ့ခြင်းပင်။ ပကာသနများထက် အစွမ်း အာဏာက ပိုကောင်းသည်။ ပြီးတော့ သူ လျှို့ဝှက်ပြီးနေလေလေ သူ့စွမ်းအား ဘယ်လောက်ကြီးမားနေပြီကို လူမသိလေ‌လေဖြစ်သည်။

သိပ်မကြာခင် Shadow Council ကို တည်ထောင်နိုင်ဖို့ မျှော်လင့်ထားသည်။ Gul'dan မှာ Ore လူမျိုးကို အဆင့်မြှင့်ပေးပြီး ရန်သူဖြစ်သည့် Draenei တို့ကို ရှင်းလင်းပေးနေခြင်းဖြစ်သည်။ သူ့လို အကျင့်စာရိတ္တပျက်ပြားပြီး အာဏာရူးနေသူ လက်တစ်ဆုပ်ခန့်သာ နားလည်ပေလိမ့်မည်။

တကယ်တော့ Ore လူမျိုး တို့အတွက် မဟုတ်ပေ။

ဘယ်တုန်းကမှလည်း မဟုတ်ခဲ့ပေ။

တကယ်က အစွမ်းအာဏာပင်ဖြစ်သည်။ အစွမ်းများကို ရအောင်ယူကာ အသုံးပြုပြီး ထိန်းသိမ်းထားရန်။ Ner'zhul က ဒါကို နားမလာ်ခဲ့ယ သူက အစွမ်းများကို သဘောကျသော်လည်း ကျသင့်သည့် အဖိုးအခကို မပေးချင်။

Gul'dan ၏ အစီအစဉ်ထဲ‌တွင် အဓိကနေရာပေးထားသည်ဟု ထင်ရသော Blackhand ပင်လျှင် Gul'dan အကြံကို မသိနိုင်။ သူ့အကြံမှာ Kil'jaden တစ်ယောက် Draenei တို့ကို အမြစ်ဖြုတ်ချင်သည့် စိတ်လိုပင် ကြီးမားလှသည်။

"သူတို့ကို ခေါ်လိုက်" Kil'jaden ကပြောသည်။ "မင်းခေါ်ရင် သူတို့လာလိမ့်မယ် ပြီးတော့ မင်းပြောတာ နားထောင်လိမ့်မယ်။ ငါ အဲ့ဒါကိုကြည့်မယ်"

မဟာမိတ်တွေ။

သူတို့ မဟာမိတ်တွေ လိုအပ်နေသည်။

Kil'jaden ဘာလို့ ဒါကို ကြိုမမြင်တာလဲ လို့ Gul'dan တွေးမိသည်။ Ore တို့မှာ ရဲရင့်သူများဖြစ်ကြသည်။ တိုက်နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည့် ဒီစစ်ကြောင့် ပိုတော်လာကြသည်Draenei တို့ နည်းပညာကို နားလည်အောင် သင်ယူပြီး စစ်တပ်များကို လေ့ကျင့်ပေးမည့် Citadel ဟုခေါ်သော အဆောက်အဦးကို တည်ဆောက်နေကြပြီဖြစ်သည်။

စစ်သည်များ၊ Warlock များ၊ ဆေးဆရာများနှင့် ..ပန်းပဲဆရာများ ဟူ၍ ရှိသည်။ ပထမသုံးမျိုးမှာ ရာထူးအတည်တကျရှိကြသော်လည်း ပန်းပဲဆရာများမှာပူ လက်နက်နှင့် သံချပ်ကာများသာ လုပ်ကြသူများပင်။

တချို့ကတော့ ပန်းပဲဆရာများကို အဆင့်နိမ့်သည် ထင်ကြသည်။ Gul'dan ကိုယ်တိုင်လည်း ထိုသို့ခံစားရသော်ငြား ထိုသူတို့အလုပ်မှာလည်း အရေးပါကြောင်းတော့ သူသိသည်။ သူတို့မရှိလျှင် စစ်တိုက်ဖို့ မလွယ်ကူ။ ထို့ကြောင့် Gul'dan က သူတို့ကို ချီးမြှောက်သည့်ပွဲများ လုပ်ပေးလိုက်ရာ ရလဒ်များ အလုပ်ကောင်းကောင်း ပိုလုပ်လာကြခြင်းပင်။

အဖွဲ့တိုင်းက အလုပ်ကြိုးစားနေကြကြောင်း သိသော်လည်း မလုံလောက်သေးပါ။ Telmor မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ ကံကောင်းလွန်း၍ ဖြစ်သည်။ ထိုသို့ နောက်တစ်ခါဖြစ်ရန် မလွယ်တော့ပေ။ ဘယ်လိုလုပ်မှ-

"ဘီလူးတွေ " သူ တွေးရင်း ပြောလိုက်သည်။ "ဘီလူးတွေ.."

"လုံးဝ မဖြစ်နိုင်ဘူး"  Blackhand က ထအော်လိုက်သည်။

"စိတ်လျှော့။ ငါပြောတာနားထောင်ပါဦး။ မင်းပဲ အကျိုးအများဆုံးရမှာ Blackhand"

"သူတို့က ရွံစရာအကောင်တွေ။ ရန်သူဖြစ်လာတာလည်း Draenei တွေထက်တောင်ကြာပြီ။ အကြောင်းပြချက်လည်း ကောင်းကောင်းရှိတယ်။ ဘယ်လိုလုပ်ပြီး အကျိုးရမှာလဲ"

"အကွက်ထဲတော့ဝင်လာပြီ" ဟု Gul'dan တွေးလိုက်၏။

"မင်း ရထားတဲ့ရာထူးကို မထိုက်တန်ဘဲ ရတယ်လို့ ထင်နေတဲ့သူတွေရှိတယ်။ မင်း ဒါကိုသာလုပ်နိုင်ရင် နာမည်ကောင်းပိုရမှာပဲ"

Blackhand က မျက်မှောင်ကြုတ်သည်။ "ဟုတ်မှာပေါ့။ ဒါပေမယ့် ဘယ်သူက သဘောတူမှာလဲ"

Gul'dan ကပြုံးလိုက်သည်။ "ငါတို့ တူခိုင်းရင် တူရမှာပေါ့"

Blackhand က တဟားဟားအော်ရယ်လိုက်လေသည်။

ခေါင်းဆောင်ရဲ့ အစီအစဉ်ကို ကြားပြီးနောက် သူ ကန့်ကွက်ချင်စိတ်များ ပေါက်ကွဲသွားခဲ့သည်။ ဘီလူးရန်ကို ကာကွယ်ရန် Orgrim တိုက်ပွဲများစွာ ပါဝင်ခဲ့ရသည်။ အခြားသူများထက် သူကိုယ်တိုင်က ထိုအကောင်များကို မုန်းတီးခြင်းဖြစ်သည်။ သို့သော် အခု သူ့ခေါင်းဆောင်က ဒါကို တောင်းဆိုနေ၏။

သို့သော် Orgrim က ခေါင်းဆောင်အကြောင်း ကောင်းကောင်းသိသည်။ ခေါင်းဆောင်ကို မနှစ်သက်လှသော်လည်း သူသည် ဗျူဟာခင်းတော်သူ ဖြစ်၏။ အစီအစဉ်မှာ စိတ်ခံစားချက်များသာ မပါဝင်လျှင် ကောင်းမွန်နေသောကြောင့် သူ သဘောတူလိုက်သည်။

သတင်းရယူခြင်းမှာ ခက်ခဲခဲ့သည်။ ဘီလူးသုံးကောင်ကို အရှင်ဖမ်းကာ တစ်ညလုံး စကားတစ်လုံးချင်း ထိုင်ပြောခဲ့ရ၏။ အခုတော့ သူတို့အားလုံး တိုက်ပွဲအတွက် အသင့်ဖြစ်နေကြပြီ။

ဘီလူးတို့က သူတို့သခင်များ နေထိုင်သည့်နေရာကို ပြောပြခဲ့သည်။ Blade's Edge တောင်ခြေနားရှိ ဝင်ပေါက်တစ်ခု။ သူတို့မှာ ပုန်းအောင်း၍ပင် မနေကြချေ။ ဘီလူးခြေရာများ အများအပြားဖြစ်နေကာ Orgrim တို့ စောင့်ကြည့်နေစဉ်ပင် ဘီလူးအုပ်တစ်အုပ် ထွက်သွားသည်ကို တွေ့လိုက်ရ၏။ Telmor ရှိ Draenei တို့လိုပင် သူ့တို့ကိုယ်သူတို့ လုံခြုံသည်ဟု ထင်နေကြသည်မှာသေချာ၏။ လွန်ခဲ့သည့် တစ်နှစ်ကဆိုလျှင်တော့ မှန်ပါလိမ့်မည်။ သို့သော် ယခု Ore တို့မှာ များစွာ သန်မာလာကြပေပြီ။

Blackhand က ရှေ့ဆုံးတွင် ဘီလူးသုံးကောင် ခြံရံကာ ရပ်နေပြီး သူ့နောက်တွင်မူ သူ့သားနှစ်ယောက်ဖြစ်သည့် Rend နှင့် Maim ရှိသည်။ ကလေးနှစ်ယောက်ကို ပါဝင်ဖို့ Orgrim ကန့်ကွက်ခဲ့သော်လည်း သူတို့မှာ ထင်သည်ထက် ပိုတော်နေကြသည်။ သူတို့ ဖခင်လို ‌မကောက်ကျစ်ကြသော်လည်း သွေးဆာတတ်ခြင်းကတော့ တူ၏။ Grisclda လည်း လေ့ကျင့်ခဲ့ရသော်ငြား သူတို့နှစ်ယောက်လောက် မတော်ပေ။

သူတို့ ပုန်းနေရာမှ ထွက်လာကာ ညာသံများပေး၍ ချီတက်ကြသည်။ ပထမတော့ ဘီလူများသည် သူတို့ထဲတွင် ဘီလူးသုံးကောင်ပါနေ၍ ကြောင်ကာ ရပ်နေပြီး ဒီတိုင်း အသတ်ခံလိုက်ကြရ၏။ ခဏအကြာ သူတို့ ဦးနှောက်များက တိုက်ခိုက်ခံနေရမှန်း သဘောပေါက်သွားသောကြောင့် ပြန်လည် ခုခံကြ၏။

Orgrim ကတော့ ဘီလူးများအား နောက်ဆုံးတစ်ခေါက် သတ်ရခြင်းကို ပျော်ရွှင်စွာ ဆင်နွှဲရန်တွေးထား၏။ Doomhammer ကို ဝှေ့ယမ်းကာ အစွမ်းကုန် တိုက်ခိုက်နေသည်။

သူလှည့်ကြည့်လိုက်သောအခါ သူတို့နှင့် မိတ်ဆွေဖွဲ့ထားသည့် ဘီလူးသုံးကောင်မှာ အခြားဘီလူးများနှင့်စကားပြောနေသည်ကို တွေ့လိုက်ရ၏။ တကယ်တော့ အော်ဟစ်နေကြခြင်းသာဖြစ်သော်လည်း ဘီလူးများမှာ ရပ်နားထောင်နေကြ၍ Ore တို့ သက်သာသွား၏။ သူတို့ထဲမှ ခါးပတ်လိုအရာတစ်ခု ဝတ်ထားသည့် အကြီးဆုံးအကောင်တစ်ကောင်ကတော့ ဦးနှောက်ရှိပုံရသည်။ Orgrim ကတော့ ထိုအချိန်လေးကို အသက်မှန်မှန်ပြန်ရှူကာ ရေသောက်ရန် အသုံးချလိုက်၏။

"သူတို့ကို နောက်တစ်ခါ ထပ်သတ်ဖို့ မစောင့်နိုင်တော့ဘူး" Rend ကပြောသောအခါ သူ လှည့်ကြည့်လိုက်သည်။

"ငါတို့လုပ်တာ အောင်မြင်ရင် သူတို့က ငါတို့ မဟာမိတ်‌ဖြစ်လာမှာလေ။ သတ်စရာမလိုတော့ဘူး" Orgrim ကပြော၏။

"ဟားဟား ကြိတ်ပြီး သတ်မှာပေါ့" Maim က ပြန်ပြောသည်။

"မင်းတို့ အဖေရဲ့ အစီအစဉ်ကြောင့် အတော်များများသေပြီးပြီ။ သူ့အလုပ်ကို မင်းတို့ ဝင်ရှုပ်တာ ကြိုက်မယ် မထင်ဘူး"

"သူက ဘယ်လိုလုပ်ပြီး သိမှာလဲ"

"ငါပြောမှာ။ တကယ်လို့ ဒီကိစ္စအောင်မြင်သွားပြီး သူတို့ထဲက တစ်ကောင်ကောင်သေတယ် ဆိုတာနဲ့ မင်းတို့ နာမည်ကို အရင်ပြောမှာပဲ"

Orgrim သည် Blackhand ကိုရော Grisclda လေးမှ လွဲ၍ သူ့သားများကိုရော မနှစ်သက်။ သူတို့ စိတ်များထဲတွင် Orgrim ယုံ၍ မရသည့် ‌ကောက်ကျစ်မှု တစ်မျိုးမျိုးရှိနေ၏။ တစ်နေ့ သူတို့ ဦးနှောက်သေချာ သုံးတတ်လာသည့်အခါတွင် သူတို့အဖေထက် ပိုလက်စောင်းထက်ကြမည့်ပုံပင်။

"သူ သဘောတူမှာ မဟုတ်ဘူးလို့ ငါပြောသားပဲ Rend. အဘိုးကြီးက သွေးဆာရတဲ့အရသာ ဘယ်လိုဆိုတာ မေ့သွားပြီ။ သွားရအောင်"

သရော်ပြုံးပြုံးကာ Rend လည်း ထွက်သွား၏။ Orgrim သက်ပြင်းချလိုက်သည်။ သူ့တွင်ထိုထက် အရေးကြီးသည့် အရာများရှိသေးသည်။ အာရုံများကို ညှိနှိုင်းနေသည့်ဘက်သို့ ပြန်ရွှေ့လိုက်၏။ နားလည် မလည်ကို မသိရသော်‌လည်း တိုက်ခိုက်မှုများကတော့ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ Orgrim အဖွဲ့ခေါင်းဆောင်နားသို့ သွားလိုက်ရာ ဘီလူးအစောင့်ခေါင်းဆောင် ပြောသည့် စကားကို ကြယးရန် မီတယ် ဆိုရုံလေး ဖြစ်သွား၏။

"ငါတို့ Gronn ကို မကြိုက်။ သူတို့က ငါတို့ နာအောင်လုပ်"

သူက ဘီလူးတစ်ကောင်ကို လက်ယပ်ခေါ်ကာ နောက်သို့လှည့်ပြလိုက်သည်။ သူ့နောက်ကျောတွင် အမာရွတ်များစွာတွေ့ရသော်လည်း Orgrim မသနားမိ။ သူတို့ Ore တို့အပေါ်နှစ်ပေါင်းများစွယ လုပ်ခဲ့သည်မှာ ဒီ့ထက်ပင်ပိုသေးသည်။

"မင်းတို့နဲ့ပေါင်းရင် ဘာပေးမှာ?" အစောင့်က မေးသည်။

Blackhand ပြုံးလိုက်၏။ "တစ်ခုကတော့ ငါတို့ မင်းကို ရိုက်မှာ မဟုတ်ဘူး"

Orgrim က Blackhand ၏ သားများကို ပြေးမြင်‌လိုက်သော်လည်း ဘာမှ မပြော။

"မင်းတို့ကို အစာကျွေးမယ်။ လက်နက်လည်း ပေးမယ်"

သံချပ်ကာအကြောင်း ထည့်မပြောတာ Orgrim ကျေးဇူးတင်မိသွားသည်။ သို့သော် ဘီလူးထဲတွင် ဉာဏ်အကောင်းဆုံးဖြစ်သူမှာ ထိုအချက်ကို သတိထားမိပုံမရပါ။

"မင်းတို့ နေစရာ၊ စားစရာ ရမယ်။ ပြီးတော့ Draenei တွေကို ချေမွလို့ရမယ့် အခွင့်အရေးလည်း ရမယ်"

ဘီလူးတို့မှာ သေချာ နားထောင်နေကြသော်လည်း တစ်ကောင်က ရုတ်တရက် "ငါ ချေမွပစ်" ဟု ပျေယ်ရွှင်စွာ ထအော်လေ၏။ Blackhand က သူတို့ စိတ်ငြိမ်အောင် ခဏစောင့်လိုက်သည်။

"ဒါဆို သဘောတူပြီလား?"

ဘီလူးခေါင်းဆောင်က ခေါင်းညိမ့်သည်။ "ဘီလူးတွေ မနာကျင်ရတော့ဘူး" သူက အော်လိုက်ပြီး သူ့အဖွဲ့ဘက်သို့ လှည့်လိုက်သည်။ သူ့မျက်လုံး သေးသေးလေးများတွင် မျက်ရည်များဝဲနေသည်။ ကျောဘက်ရှိ အမာရွတ်ပေါင်းများစွာကို ကြည့်ရင်းက Orgrim သူတို့ အပေါ်သနားစိတ် အနည်းငယ် ဝင်လာ၏။ နည်းနည်းလေး။

"မင်း နာမည် ဘယ်လိုခေါ်လဲ" Orgrim က ခေါင်းဆောင်ကို မေးလိုက်သည်။

"Krol"

"ဒါဆို Krol ရေ" Blackhand က Orgrim ဘာမှ မပြောရသေးခင် ဖြတ်ပြော၏။ "ငါတို့ စုပေါင်း တိုက်ခိုက်မှုကို ဘယ်တော့ စရင်ကောင်းမယ်ထင်လဲ"

"အခုပဲ"

Krol ကပြောပြောပြီးချင်း ထအော်လိုက်ရာ ဘီဘူးအ‌မြောက်အများ ပြေးထွက်လာကြ၏။ Blackhand က Orgrim ကို လှည့်ကြည့်ရာ သူလည်း ပုခုံးသာ တွန့်ပြနိုင်၏။ ဒီငတုံးတွေကို ထိန်းရတာထက် ဒီရေကို တားရတာကမှ လွယ်ပေဦးမည်။

"ခေါ်လိုက်တော့" Blackhand ကပြောသည်။ Orgrim လည်း Clefthoof ချိုကို မှုတ်လိုက်ရာ Ore တို့လည်း ပျော်ရွှင်စွာ ညာသံပေး၍ ဆင်းသက်လာကြ၏။

အဖွဲ့ကို အစီအစဉ်အကြောင်း ပြန်ပြောရန် အချိန်မရှိတော့သော်လည်း သူတို့ မမေ့မှာ သေချာပါသည်။ အထူးသဖြင့် Blackhand ရဲ့ သားနှစ်ယောက်ပေါ့။ သူတို့ ဘီလူးတွေကို မသတ်မှ ဖြစ်မည်။ မဟုတ်လျှင် တစ်ခုခုမှားယွင်းသွားပါက Blackrock အဖွဲ့တွင် အသက်ရှင် ကျန်မည့်သူမှာ စခန်းတွင် ကျန်ခဲ့သည့် မိန်းမနှင့် ကလေးများသာ ဖြစ်လိမ့်မည်။

Orgrim အကောင်းမမြင်နိုင်ပါ။ သူ့ဝံပုလွေကို လှည့်လိုက်ပြီး အဖွဲ့ဝင်များနှင့် ပူးပေါင်းလိုက်စဉ် သူ့မျက်စိက အလင်းရောင်ကို အမြင်မှားသွားလေ၏။

သူ့ဘေးရှိ Ore များ၏ အသားအရေတို့ အစိမ်းရောင် သန်းနေခြင်းမှာ သေချာပေါက် သူ အမြင်မှားခြင်း ဖြစ်ပါလိမ့်မည်။

Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^

Love y'all,
Nyl


rate now: