book

Index 39

39

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

39


Durotan မှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူတို့လူမျိုးရဲ့ သွေးများပင်ဖြစ်သည်။ ဘာတွေ ဖြစ်ကုန်တာလဲ? အရာရာတိုင်း ပုံမှန်လိုပင်ဖြစ်ခဲ့သည်။ အမဲလိုက်သည့် အုပ်စုကို ရှာတွေ့သည်။ တိုက်ခိုက်မှုကို စတင်ခဲ့ကာ နတ်ဆရာတို့ မှော်ပညာသုံးမည်အချိန်ကို စောင့်ခဲ့သည်။ 


သို့သော် Frostwolf အဖွဲ့ဝင်များသာ တစ်ယောက်ပြီးတစ်ယောက် Draenei တိူ့၏ ဓားချက်နှင့် မှော်ပညာတို့အကြား ကျဆုံးကုန်ကြသည်။ Durotan လည်းတိုက်ခိုက်နေရင်းမှ Drek'Thar တစ်ယောက် သူ့တောင်ဝှေးကိုသာ အသုံးပြုကာ အသေအကြေတိုက်ခိုက်နေရကြောင်း တွေ့လိုက်ရ၏။


ဘာတွေ ဖြစ်ကုန်တာလဲ? Drek'Thar ဘာတွေ တွေးနေတာလဲ? သူတောင်ဝှေးကိုင်သည်မှာ ကလေးတစ်ယောက်လောက်ပင် မကျွမ်းကျင်ပေ။ ဘာလို့ မှော်ပညာကို ထုတ်မသုံးတာလဲ?


Draenei တို့က အပြင်းအထန် တိုက်ခိုက်ကြသည်။ သူတိူ့ မျက်လုံးများက အောင်နိုင်ခြင်းအတွက် တောက်ပနေကြ၏။ မြက်ခင်းများမှာ သွေးတို့ဖြင့် ချောနေသောကြောင့် Durotan လဲကျသွားရာ သူ့ရန်သူက ဓားကို မြှောက်လိုက်၏။ 


ဒီအချိန်ကို ရောက်လာပြီပေါ့။ Durotan သည် ခမ်းနားဂုဏ်ရှိသော တိုက်ပွဲတွင် သေရပေတော့မည်။ သို့သော် ဒီတိုက်ပွဲမှာ ဂုဏ်ရှိသည်ဟု မခံစားရပေ။ သူ့ပုဆိန်ကို မြှောက်ကာ လွှဲယမ်းလိုက်သည်။ သူ့လက်မောင်းမှာတော့ ဒဏ်ရာ အကြီးအကျယ်ရထားပြီးပြီ။ သူ့ကို သတ်မည့် ရန်သူကို မော့ကြည့်လိုက်မိသည်။


ထို့နောက် Restalaan ကို သူ မှတ်မိသွား၏။ 


ထိုအချိန်တွင်ပင် Restalaan ကလည်း သူ့ကို မှတ်မိသွားကာ လွှဲမည့်ဓားကို ရပ်လိုက်၏။ Durotan အသက်ကို အလောတကြီးရှူကာ အားများစုစည်းလိုက်ပြီး ဆက်တိုက်ရန် ပြင်လိုက်၏။ Restalaan က သူ့ဘာသာစကားဖြင့် တစ်ခုခုရေရွတ်လိုက်ရာ Draenei များအားလုံး ရပ်တန့်ကုန်ကြ၏။ 


Durotan ထရပ်လိုက်သော် သူ့လူများ လက်တစ်ဆုပ်စာသာ ကျန်တော့ကြောင်း တွေ့လိုက်ရသည်။ နောက်နည်းနည်းသာ ထပ်ကြာသွားလျှင် အကုန် သေကုန်မည်ဖြစ်သည်။ Draenei တို့ဘက်ကတော့ နှစ်ယောက်သုံးယောက်သာ ကျဆုံးသေး၏။ 


Restalaan က Durotan ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ခံစားချက်မျိုးစုံပေါ်နေ၏။ ကရုဏာ၊ နောင်တ၊ ရွံရှာမှု။ 


"မင်း ငါတို့ ရှေ့ဖြစ်ဟောကို ကရုဏာထားခဲ့တဲ့ လုပ်ရပ်ကြောင့် မင်းနဲ့ ကျန်ရှိနေတဲ့သူတွေကို ချမ်းသာခွင့်ပေးလိုက်တယ်။ Ganad ရဲ့သားတေယ် Durotan ။ ပြန်ပြီး မင်းတို့ ဒဏ်ရာတွေကို ကုသပါ။ ဒါပေမယ့် နောက်တစ်ခါ ဒီလို သနားလိမ့်မယ်လို့ မမျှော်လင့်နဲ့"


Draenei တို့ တ‌ဖြေး‌ဖြေးပျောက်ကွယ်သွားသည်အထိ သူ အားတင်းကာ ရပ်နေသည်။ သူတို့ကို မမြင်ရတော့သောအခါ ဆက်ရပ်ဖို့အားမရှိတော့သောကြောင့် လဲကျသွား၏။ သူ့ နံရိုးတချို့ ကျိုးသွယးပြီး ပြင်းထန်စွာ နာကျင်နေသည်။


"Durotan !" 


Draka အသံဖြစ်သည်။ သူလည်း ဒဏ်ရာပြင်းထန်စွာ ရထားသော်ငြား အသံကတော့ အားရှိနေဆဲပင်။ သူ စိတ်သက်သာသွား၏။ ဘိုးဘေးတွေ ကျေးဇူးကြောင့် သူ အသက်ရှင်နေသေးသည်။ Drek'Thar က Durotan ဆီပြေးလာကာ သူ့နှလုံးအိမ်ပေါ် လက်တင်ပြီး တစ်စုံတစ်ခုကို ရေရွတ်သည်။ နွေးထွေးမှုတစ်ခုက ပျံ့နှံ့သွားပြီး နာကျင်မှု သက်သာသွားသည်။


"အနည်းဆုံး ကုသ‌ခွင့်တော့ ပေးသေးတာပဲ" Drek'Thar က တိုးတိုးလေးပြောသည်။ တိုးလှလွန်းသောကြောင့် Durotan ပင် သေချာမကြားရချေ။ 


"တခြားသူတွေကို ကုပေးလိုက်။ ပြီးရင် မင်းနဲ့ငါ စကားပြောမယ်" Drek'Thar က သူ့မျက်လုံးများကို မကြည့်ဘဲ ခေါင်းညိမ့်လိုက်သည်။ သူနှင့် အခြား နတ်ဆရာများက သူတို့ ကုနိုင်သည့် ဒဏ်ရာများကို ကုပေးကာ မကုနိုင်သည်များကို ဆေးလိမ်းကာ ပတ်တီးစည်းပေးနေသည်။ Durotan တွင် ဒဏ်ရာများ ရှိနေသေးသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရပါ။ သူနတ်ဆရာကို ကူညီလိုက်သည်။


သူ တတ်နိုင်သမျှ အကုန်လုပ်ပြီးသော် ဘေးဘီကို လှည့်ကြည့်သည်။ ဆယ့်ငါးယောက်ထက် မနည်းသော အလောင်းများ မြက်ခင်းပေါ်တွင် ပျံ့ကျဲနေ၏။ သူ့တပည့် Rokkar လည်းပါသည်။ Durotan မယုံကြည်နိုင်စွာ ခေါင်းခါမိသည်။


ကျဆုံးသွားသူများကို သယ်ရန် ထမ်းစင်များဖြင့် ပြန်ရပေမည်။ သူတို့ကို မီးသဂ်ြုဟ်ပေးမည်။ သူတို့ ဝိဉာဉ်များမှာ Oshu'gan သို့ သွားမည်ဖြစ်ပြီး အရေးကြီး ကိစ္စများရှိလျှင် နတိဆရာတို့က သူတို့နှင့် တိုင်ပင်လိမ့်မည်။ 


ဟုတ်ရော ဟုတ်ပါ့မလား? အလွန်ဆိုးရွားသည့် ကိစ္စတစ်ခု ဖြစ်သွားခဲ့ပြီ။ သူ သိသင့်သည့်အချိန်ရောက်နေပေပြီ။


ဒေါသများက သူ့တစ်ကိုယ်လုံးပျံ့နှံလာ၏။ ဘိုးဘေးတွေက သူ့ကို ပြောခဲ့သော်ငြား ဒီနေ့ Draenei တို့ကို တိုက်ခိုက်ခြင်းသည် မှားယွင်းကြောင်း သူသိနေခဲ့သည်။ သူ Drek'Thar ကို လှမ်းခေါ်လိုက်ရာ ရေသောက်နေရင်းမှ ခြေထောက်တရွတ်တိုက်ဆွဲကာ သူ့ဆီ ရောက်လာ၏။ 


"ဒါ လူသတ်ပွဲကြီးပဲ!" Durotan က သူ့ကို ဒေါသတကြီး ကိုင်လှုပ်ရင်း အော်လိုက်သည်။ "ငါတို့ရှေ့တင် ငါတို့ဘက်က လူ ဆယ့်ငါးယောက်သေသွားတယ်။ မင်းတို့ထဲက တစ်ယောက်မှ စွမ်းအားတွေ ထုတ်သုံးတာ မမြင်လိုက်ဘူး"


Drek'Thar ခဏတော့ စကားမပြောနိုင်။ အားလုံး တိတ်ဆိတ် ငြိမ်သက်စွာ သူတို့ကို စောင့်ကြည့်နေကြသည်။ ထို့နောက် တိုးညင်းသောအသံဖြင့် Drek'Thar က ပြောသည်။ "ဓာတ်ကြီးလေးပါး...သူတို့ ‌မရောက်လာကြဘူး"


Durotan မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ Drek'Thar လည်ပင်းစကို ဆွဲထားရင်းမှ ထပ်မေးသည်။ 


"တကယ်လား? တိုက်ပွဲဝင်ဖို့ သူတို့အစွမ်းတွေကို သုံးခွင့်မပြုတော့ဘူးတဲ့လား?"


ကြောက်ရွံ့ထိတ်လန့်နေပုံရသည့် Drek'Thar က ခေါင်းညိမ့်သည်။ ထို့နောက် တုန်ခါနေသည့်အသံဖြင့် " မှန်ပါတယ် အဖွဲ့ခေါင်းဆောင်၊ ကျွန်တော် သူတို့အကုန်လုံးကို အလှည့်ကျမေးပြီးပြီ။ မညီမျှမှုတွေ ဖြစ်နေပြီလို့ ပြောတယ်။ ပြီးတော့ သူတို့အစွမ်းတွေကို နောက်ထပ် သုံးခွင့် မပေးတော့ဘူးတဲ့"


Durotan ‌ဒေါသထွက်လွန်းသဖြင့် အံ့ဩမှုများ ပျောက်သွားသည်။ သုန်မှုန်နေသည့် Drek'Thar ၏ မျက်နှာကို ပြန်ကြည့်လိုက်သည်။ " ဒါ အရိပ်အယောင်ပြတာ ထက်ကို ပိုတယ်! 

ဒါ အော်ဟစ်လိုက်တဲ့အသံ! စစ်ချီတဲ့အသံ! ငါတို့ လုပ်နေတာတွေ မှားယွင်းနေတယ်ဆိုတာ ပြောတဲ့ အသံ!"


ဖြစ်ပျက်နေသည့် ကိစ္စများကို နားလည်ရန် ကြိုးစားနေရင်း Durotan ဖြေးညင်းစွာ ခေါင်းညိမ့်လိုက်သည်။ Restalaan ကြောင့်သာ မဟုတ်လျှင် သူရော ကျန်တဲ့သူများပါ အကုန် သေပွဲဝင်ရမည်ဖြစ်သည်။ ဓာတ်ကြီးလေးပါးမှာလည်း  သူတို့ကို ငြင်းပယ်လိုက်လေပြီ။ ဟို နတ်ဆရာ တောင်းဆိုသမျှကို ရှုံ့ချဖို့ အချိန်တန်ပြီ ဖြစ်သည်။


Durotan က သက်ပြင်းချလိုက်ပြီး မကောင်းသည်ြအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်နေသလို ခေါင်းကို ခါလိုက်၏။ 


"ဒဏ်ရာရထားတဲ့သူတွေကို အိမ်ကို မြန်နိုင်သမျှ မြန်မြန်ရောက်အောင် ပြန်ပို့မယ်။ ပြီးတော့...ပြီးတော့ ငါ စာတွေ ပို့်မယ်။ ငါထင်နေတာတွေသာ အမှန်ဆိုရင်ငါတို့ Draenei တွေကို သတ်နေတာကြောင့်  ဓာတ်ကြီးလေးပါးကို သုံးလို့မရတာ Frostwolf တစ်ဖွဲ့တည်း မဟုတ်လောက်ဘူး။ ဒါဆို ငါတို့ Ner'zhul နဲ့ ထိပ်တိုက်တွေ့ရလိမ့်မယ်"


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl




rate now: