book

Index 22

22

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

22

ထိုအချိန်မှရခဲ့သည့် သင်ခန်းစာများမှာ ခါးသီးလှသည်။ သွေးများ အသက်ဆုံးရှုံးမှုများနှင့် ညှင်းပန်းနှိပ်စက်မှုများနှင့် ပြည့်နေခဲ့သည်။ သို့သော် ဖြစ်ချင်တော့လည်း ကျွန်တော်တို့အား ချေမှုန်းလုနီးပါး ဖြစ်ခဲ့သော အရာသည်ပင် ကျွန်တော်တို့အား လွတ်လပ်မှုကို ဆောင်ကြဥ်းပေးမည့်အရာ ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်း၏ သဘောထားပင်။ အဖွဲ့တိုင်းသည် ကိုယ့်အဖွဲ့ကိုယ် သစ္စာရှိကြ၏။ ကိုယ့်အဖွဲ့သားတိုင်းအတွက် နှစ်မြှုပ်ထားကြပြီး အခြားအဖွဲ့သားများအတွက်ကိုမူ ထိုသို့မဟုတ်ကြပေ။ ကျွန်တော်တို့ စည်းလုံးခဲ့ပြီး တူတူဆန့်ကျင်ခဲ့သောအရာမှာ ဆိုးရွားစွာ မှားယွင်းခဲ့လေသည်။ ထို့အတွက်လည်း ကျွန်တော်တို့ အပြစ်ခံနေရ၏။ ကျွန်တော့်နောက် မျိုးဆက်များသည်လည်း ထိုအမှားများအတွက်  ပေးဆပ်နေကြရဦးမည်ဖြစ်သည်။  သို့သော် စည်းလုံးညီညွတ်ခြင်းကတော့ ခမ်းနားကြီးမြတ်လှသည်။ ၎င်းကသည်ပင် ကျွန်တော် ပြာပုံထဲမှ ပြန်လည်ဆယ်ယူလိုသည့် သင်ခန်းစာဖြစ်၏။ ၎င်းသည်ပင် ကျွန်တော့်ကို ကွဲပြားခြားနားလှသည့် လူမျိုးများစွာတို့၏ ခေါင်းဆောင်များနှင့် ဂုဏ်ယူရမည့် ပန်းတိုင်ဆီသို့ အတူတကွ ပူးပေါင်းကာ ချီတက်ကြရန် ဆွေးနွေးစေဖြစ်သည့် သင်ခန်းစာဖြစ်၏။ 


စည်းလုံးညီညွတ်ခြင်း။ သဟဇာတဖြစ်ခြင်း။ ထိုအရာများမှာ အတိတ်မှရသည့် သင်ခန်းစာကောင်းများဖြစ်သည်။ ထိုအရာကို ကျွန်တော် ကောင်းစွာ သိရှိခဲ့ပြီးပြီ။


Ner'zhul က ညနေဆည်းဆာ ကောင်းကင်ကို အားရစွာ မော့ကြည့်လိုက်သည်။ ဒီည နေဝင်တာ သိပ်လှသည်။ "ဘိုးဘေးတွေ စိတ်ကျေနပ်နေတာနေမယ်" သူ့ဘာသာသူ ကောက်ချက်ချလိုက်ပြီး ထိုအတွေးတကိုပင် ဂုဏ်ယူနေမိ၏။ Kosh'harg ပွဲတော် နောက်တစ်ပွဲလည်း ပြီးသွားပြန်ပြီ။ အတိတ်က ပွဲများနှင့် မတူတော့ဘဲ တစ်ပွဲထက်တစ်ပွဲ ပိုပို ခက်ခဲလာသည်ဟု သူထင်သည်။ ပြီးတော့ ပွဲတစ်ပွဲပြီးသွားတိုင်း ပျော်စရာ ကြည်နူးစရာတစ်ခုခု ကျန်ခဲ့သည်။ ဝမ်းနည်းကြေကွဲစရာတစ်ခုခုလည်း ကျန်ခဲ့၏။


သူနားလည်သလောက် Frostwolf အဖွဲ့က သိက္ခာတော်ရ မိခင်ကြီး ဟု အမည်တပ်ခေါ်ဝေါ်ကြသည့် သူ့မိတ်ဆွေဟောင်း Kashur မှာ ဘိုဘေးတို့ထံခိုနား၍ ကွယ်လွန်ခဲ့လေပြီ။ သူ သိသလောက်ပြောရလျှင် Kashur မှာ ရဲရင့်စွာ သေဆုံးခဲ့ခြင်းဖြစ်သည်။ သူ မလိုက်တာ ကြာခဲ့ပြီဖြစ်သည့် အမဲလိုက်ခြင်းတွင် ပါဝင်ရရန် မရမက တောင်းဆိုခဲ့သည်။ Frostwolf များမှာ clefthoof တို့ကို အမဲလိုက်ကြခြင်းဖြစ်ပြီး မိခင်ကြီးက ပါဝင်သော သူရဲကောင်းတို့၏ တပ်ရှေ့ဆုံးတွင် ဦးဆောင်ခဲ့၏။ ဘယ်သူမှ ကြားဝင်ခွင့် မရလိုက်ခင်ပင် မိခင်ကြီးမှာ နင်းချေခြင်းခံရကာ အသက်ပေးလိုက်ရ၏။ Frostwolf များမှာ သူသေဆုံးသွားခြင်းကို ဝမ်းနည်းပူဆွေးနေကြသော်ငြား သူ့ဘဝကို နေထိုင်ခဲ့သည့်ပုံနှင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည့်ပုံတို့ကြောင့် Kashur အတွက် ဂုဏ်ယူနေကြကြောင်း သူသိသည်။ ၎င်းသည်ပင် Ore တို့ အကျင့်ဖြစ်သည်။ သူများ Kashur ကို မြင်ရမလား ဟု တွေးလိုက်မိပြီး သူ့ကိုယ်သူ အပြစ်တင်လိုက်မိ၏။ Kashur က သူနှင့်တွေ့ရန် ဆီလျော်လျှင် သူမြင်ရမည်သာ။ နတ်ဆရာများအတွက်မူ သေခြင်းတရားသည် အခြား ore များအတွက်ကဲ့သို့ ဝမ်းနည်းပူဆွေးစရာ မဟုတ်ပေ။ နတ်ဆရာများတွင် သေဆုံးပြီးနောက် ဘိုးဘေးများနှင့် အတူရှိပြီး သူတို့၏ အသိပညာများကို မျှဝေကာ မေတ္တာတရားကို ခံစားရနိုင်သည့် အခွင့်အရေးရှိပေသည်။


Frostwolf များတွင် အဖြစ်ဆိုးနှစ်ခု ဖြစ်ခဲ့ချေပြီ။ Kosh'harg ပွဲများကြားရှိ နှောင့်ယှက်သည့် အချိန််များတွင် သူတို့၏ ခေါင်းဆောင်ဖြစ်သော Ganad ကိုပါ ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ မျက်စိမှောက်မှားစရာကောင်းလောက်အောင် နေသာသည့်နေ့တစ်နေ့၌ ဘီလူး ၃ကောင်ခန့်နှင့် သူတို့၏ စက်ဆုပ်ဖွယ် သခင်များထဲမှ တစ်ယောက်ဖြင့် အမှတ်မထင် ထိပ်တိုက်တွေ့ကြရာတွင် ထိုအဖြစ်ဆိုး ဖြစ်ပွားခဲ့ရသည်။ ထို အကျည်းတန်သော သတ္တဝါများမှာ ဉာဏ်ရည်နိမ့်သော်လည်း ရက်စက်ကြမ်းကြုတ်ကြပြီး Gronn မှာမူ ကောက်ကျစ်သည့် ရန်သူဖြစ်သည်။ Ore တို့ အောင်မြင်ခဲ့သော်လည်း အသက်ပေးလိုက်ရ၏။ ဆေးဆရာများက အတတ်နိုင်ဆုံး ကုသပေးသော်လည်း Ganad အပါအဝင် တခြားသူများမှာ ထိုနေ့က ဒဏ်ရာများကြောင့် အသက်ဆုံးရှုံးကုန်ကြသည်။


ခေါင်းဆောင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရ၍ ဝမ်းနည်းပူဆွေးကြသော်ငြား ခေါင်းဆောင်အသစ်တစ်ယောက် ပေါ်ထွက်လာခြင်းအတွက် ဝမ်းမြောက်နေကြကြောင်းကို Ner'zhul သတိထားလေးစားမိသည်။ Kashr က Durotan လေးကို အလွန် ချီးကျူးခဲ့ပြီး Ner'zhul မြင်ရသလောက်တော့ ထိုကောင်လေးမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာမည်ဖြစ်၏။ Durotan ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းခံရသည်ကို Nee'zhul စောင့်ကြည့်နေခဲ့ရာ ဆွဲဆောင်မှုရှိပြီး ရဲရင့်ပုံရကာ အခမ်းအနားအစီအစဥ်များကို ပုံမှန်ထက်ပို၍ စိတ်ဝင်စားနေပုံရသည့် ကောင်မလေးတစ်ယောက်ကို သတိထားမိခဲ့သည်။ နောက် Kosh'harg ရောက်သည်နှင့် ထိုမိန်းကလေး Draka မှာ ခေါင်းဆောင်အသစ်၏ ကြင်ယာဘက် ဖြစ်လာမည်ကို Ner'zhul သေချာပေါက် သိနေခဲ့၏။ 


ခမ်းနားလှသည့် နေဝင်ဆည်းဆာကို ကြည့်နေရင်း သူ့စိတ်ထဲပေါ်လာသည့် ပုံရိပ်များကို ဆန်းစစ်ကာ သူ သက်ပြင်းချလိုက်သည်။ အချိန်တွေ ကုန်တာ မြန်လှသည်။ ကောင်းတာတွေလည်း ဖြစ်ခဲ့သည်။ ဆိုးတာတွေလည်း ရှိခဲ့သည်။


သူ့ တဲငယ်လေးထံ ပြန်သွားလိုက်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့သည့် သူ့ကြင်ဖော်နှင့် တစ်ခါက တူတူနေခဲ့သော တဲကလေးဖြစ်သည်။ Rulkan က သူ့ထံ မကြာခဏ လာလည်လေ့ရှိသည်။ ဘာအသိပညာမှ မမျှဝေသော်လည်း သူ့စိတ်နှလုံးကို နူးညံ့နွေးထွေးမှုများနှင့် ပြည့်စေကာ သူ တစ်ခါ ရောက်လာတိုင်း သူတို့လူမျိုးများ လိုအပ်သမျှကို ဖြည့်ဆည်းပေးနိုင်ရင် စိတ်ကို အသစ်တဖန် ပြန်လည် အားဖြည့်ပေး၏။ Rulkan ၏ ရယ်သံကျယ်ကျယ်နှင့် သူ့ဘေးနားတွင် ရှိသောအခါ ရတတ်သည့် နွေးထွေးမှုကို လွမ်းဆွတ်မိသော်လည်း သူ ကျေနပ်ပါသည်။ ဒီညလည်း သူ့ကို အိပ်မက်လာပေးရင် ပေးမှာ ဟု သူ တွေးမိပြန်၏။


ဆေးရည်ကို ပြင်ဆင်ကာ ဂါထာများ ​ခပ်တိုးတိုး ရွတ်လိုက်ပြီး ဖြေးဖြေးချင်း မော့သောက်လိုက်သည်။ ဆေးရည်သောက်ခြင်းက အိပ်မက်မက်စေမည်မဟုတ်ပါ။ ဘိုးဘေးတို့ အလိုမရှိလျှင် ဘာ အိပ်မက်မှ မပေးတတ်ကြပေ။ တစ်ခါတစ်ရံ သူ လုံးဝ မမျှော်လင့်ထားသည့်အချိန်မှ အမြင်များ ရတတ်ပေသည်။ သို့သော် ဤမျှ ကြာရှည်ခဲ့ပြီးသော အချိန်တစ်လျှောက်၌ နတ်ဆရာများသည် တချို့ဆေးမြစ်များက အိပ်စက်နေစဥ် စိတ်အာရုံကိုဖွင့်ပေးထားကြောင်း သိရှိလာခဲ့သည်။ အကယ်၍ တကယ် ပါရမီပါသော သူသည် နောက်နေ့ မနက်ရောက်လျှင် ထိုအိပ်မက်အမြင်ကို ပိုမို တိကျစွာ မှတိမိပေလိမ့်မည်။ 


Ner'zhul က မျက်လုံးများကို ပိတ်လိုက်ပြီး ချက်ချင်းလိုပင် ပြန်ဖွင့်လိုက်သည်။ သို့သော် သူ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီမှန်း သိနေ၏။


သူတို့နှစ်ယောက် တောင်ထိပ်ပေါ်တွင် ရပ်နေကြသည်။ သူနှင့် သူချစ်ရသော Rulkan ။ ပထမတော့ သူတို့ နေဝင်ချိန်ကို ကြည့်နေကြသည်ဟု ထင်လိုက်မိသည်။ သို့သော် နေမှာ အမှောင်ထုအတွင်း ဝင်နေသည်မဟုတ်ဘဲ တရိပ်ရိပ်တက်နေသည်ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ကောင်းကင်မှာ ခမ်းနားနေသော်လည်း သူ့စိတ်ကို တည်ငြိမ်အေးချမ်းအောင် လှသည်မဟုတ်ဘဲ စိတ်တက်ကြွလှုပ်ရှားစေသည့် ခံစားချက်မျိုးပေးသည်။ ကြက်သွေးရောင်၊ ခရမ်းရောင်နှင့် လိမ္မော်ရောင်တို့ တောက်ပနေကာ Ner'zhul နှလုံးခုန်နှုန်းမြန်လာသည်။


Rulkan က သူ့ဘက်ကိုလှည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူနောက်ဆုံး အသက်ရှင်ခဲ့သည်မှစ၍ ပထမဆုံးအကြိမ် အဖြစ် သူ့ကို စကားပြောလိုက်သည်။ 


"Ner'zhul , ငါ့အချစ်, ဒါဟာ နိဒါန်းအသစ်တစ်ခုပဲ"


သူ ပင့်သက်ရှိုက်ကာ တုန်လှုပ်သွားမိသည်။ နေရောင်ကပေးသည့် ရောင်စုံအလင်းများကြား သူ့စိတ်များ ပိုမိုလှုပ်ရှားလာ၏။ နိဒါန်းသစ်တဲ့လား?


" ရှင် ကျွန်မတို့ လူမျိုးတွေကို ကောင်းကောင်း ဦးဆောင်နိုင်ခဲ့ပါတယ်" သူကပြောသည်။


" ဒါပေမယ့် နည်းဟောင်းတွေကို နက်နဲအောင်လုပ်ဖို့ အချိန်ကျလာပြီ။ အကုန်လုံးကောင်းကျိုးအတွက် ပိုပြီး နက်နက်ရှိုင်းရှိုင်းသွားရလိမ့်မယ်"


သူ့ရှုပ်ထွေးနေသော အတွေးများကို ကိုင်လှုပ်လိုက်သည့် တစ်စုံတစ်ခုက သူ့ကိုယ်ထဲတွင် နိုးကြားလာသည်။ Rulkan သည် နတ်ဆရာတစ်ယောက် မဟုတ်ပါ။ အဖွဲ့ခေါင်းဆောင်လည်း မဟုတ်ပါ။ သူ့ဘာသာသူသာ အေးအေးဆေးဆေး နေထိုင်ခဲ့သူဖြစ်ပြီး ထိုအရာကသည်ပင် Ner'zhul အတွက်တော့ အံ့သြစရာကောင်းလောက်အောင် လိုအပ်သည်ထက်ပင် ပိုနေခဲ့၏။ သို့သော် သူ့ဘဝတစ်လျှောက်လုံးတွင် အာဏာရှိစွာ ပြောဆိုနိုင်လောက်သည့် မည်သည့်ရာထူးကိုမှ မယူခဲ့ဖူး။ ယုံကြည်မှုနည်းနေသည့် သူ့ကိုယ်သူ စိတ်ပျက်သွားကာ Ner'zhul က အသံကို တိုးလိုက်သည်။ သူသည် နတ်တစ်ပါးမဟုတ်ပါ။ သွေးနဲ့သားနဲ့ တည်ဆောက်ထားသည့် လူတစ်ယောက်ပင် ဖြစ်ပါသေးသည်။ ဘိုးဘေးနတ်တို့အကြောင်း သူ့ထက်နားလည်မည့်သူ မရှိသော်လည်း သူပင် နားမလည်နိုင်သေးသည့် အကြောင်းအရာ များစွာရှိသည်မှာ သေချာပါသည်။ ဘာလို့ Rulkan က ဘိုးဘေးတို့ စကားကို မပြောနိုင်ရမှာလဲ? 


"ငါနားထောင်နေပါတယ်" သူပြောလိုက်သည်။


Rulkan က ပြုံးသည်။ " နားထောင်မယ်ဆိုတာ သိနေတယ်" သူကပြောသည်။


" ရှေ့လျှောက် Ore တွေ မှောင်မိုက်ပြီး အန္တရာယ်များတဲ့ အချိန်တွေနဲ့ ကြုံရလိမ့်မယ်။ Hitherto, ကျွန်မတို့ အတူတူရှိတာဆိုလို့ Kosh'harg ပွဲတော်အတွင်းပဲ ရှိတယ်။ ဒီလို တိုက်ပွဲမျိုးကို နိုင်ချင်ရင်တော့ အဲ့ဒီ့လို ဝေးဝေးနေလို့မရဘူး"


Rulkan က နေထွက်တာကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာက အတွေးလွန်နေဟန်ဖြင့် အရိပ်ကျနေ၏။ Ner'zhul သူ့ကို ပွေ့ဖက်လိုက်ချင်သည်။ အသက်ရှင်နေတည်းက လုပ်ခဲ့သလိုမျိုး သူနာကျင်ခံစားနေသမျှကို သူသာယူပစ်လိုက်ချင်သည်။ သို့သော် အခု သူ့ကို ထိကိုင်လို့မရမှန်း သိပါသည်။ စကားပြောဖို့ တွန်းအားပေးလို့လည်းမရပါ။ ထို့ကြောင့် သူ ငြိမ်သက်စွာသာ ထိုင်နေလိုက်သည်။ သူ့အလှအပထဲ စီးမျောရင်း၊ သူပြောလာမယ့်စကားကို နားစွန့်ရင်း..


"ဒီကမ္ဘာကို ကျရောက်လာမယ့် ကပ်ဆိုးတစ်ခုရှိတယ်" Rulkan က တိတ်ဆိတ်စွာပြောသည်။


"အဲ့ဒါကို ဖယ်ရှားပစ်ရမယ်"


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl




rate now:

1 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:51 5

    ✨✨✨✨✨

    reply