book

Index 17

17

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

17

သူက လည်ကိုဆန့်ကာ Durotan ကို ကြည့်လိုက်သည်။ သို့သော် Durotan ကမူ အဖြေတစ်ခုခုကို ရှာနေသလို ကန်ထဲသို့ စိုက်ကြည့်နေဆဲပင်။ Kashud အနည်းငယ် စိုးရိမ်သွားသည်။ သို့သော် သူ့ကိုယ်သူ ပြန်ဆုံးမ လိုက်သည်။ Durotan သည် နတ်ဆရာဖြစ်ဖို့ ပါရမီမပါဘူးဆိုလျှင် သူသည် နတ်ဆရာကို ဖြစ်လာမည်မဟုတ်ပေ။ သူ့ကံကြမ္မာမှာ သူမွေးလာကတည်းက ရည်ရွယ်ထားသည့်အတိုင်း အဖွဲ့ကို ဦးဆောင်မည့် ဂုဏ်သရေရှိသော ခေါင်းဆောင် ဖြစ်ရန်သာ ဖြစ်မည်။ 


"ငါနဲ့ မျိုးဆက်အများကြီးကွာတဲ့ မြေးမလေး Kashur " အဘိုး Tal'kraa က သူကြားဖူးသမျှတွင် အနူးညံ့ဆုံး အသံဖြင့် ပြောလိုက်သည်။ 


" ငါတောင်းဆိုခဲ့တဲ့အတိုင်း နင် သူ့ကို ခေါ်လာခဲ့ပြီ"


သူ့ပုံပန်းလိုပင် ကိုယ်ထည်အတိအကျမရှိသည့် တောင်ဝှေးကို ထောက်ကာ အဘိုးအိုက Durotan ကို ဖြေးညင်းသွာ စက်ဝိုင်းပုံ လှည့်ပတ်၍ကြည့်သည်။ ကောင်လေးကတော့ ရေထဲကို ကြည့်ကောင်းဆဲပင်။ Kashur က သူတို့နှစ်ယောက်စလုံးကို သေချာကြည့်လိုက်သည်။ Durotan က ဆတ်ခနဲ တုန်သွားပြီး အပေါ်သို့ မော့ကြည့်သည်။ ရုတ်တရက်ကြီး ရောက်ချလာသည့် ကြက်သီးထဖွယ် အအေးဓာတ် ဘယ်ကရောက်လာသလဲ ဟု ရှာနေဟန်ပင်။ Kashur က ပြုံးလိုက်သည်။ ကောင်လေးသည် သူ့ဘိုးဘေး၏ ဝိဉာဥ်ကို မျက်လုံးနှင့် မမြင်ရသော်လည်း သူ့ဘေးသို့ Tal'kraa ရောက်နေကြောင်း တစ်နည်းနည်းဖြင့် သိနေသည်။


" နင် သူ့ကို မမြင်ရဘူး"  Kashur က အနည်းငယ်စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။


Durotan ခေါင်းထောင်လာပြီး နှာခေါင်းကို တရှုံ့ရှုံ့လုပ်သည်။ လျင်မြန်စွာပင် သူထရပ်လိုက်သည်။ ခြောက်ချားဖွယ် အလင်းရောင်အောက်တွင် သူ့အစွယ်များက အပြာရောင်သန်းနေပြီး အသားအရေမှာ အစိမ်းရောင်ဟပ်နေ၏။


"ဟုတ်တယ် အမေ။ ကျွန်တော် မမြင်ရဘူး။ ဒါပေမယ့်... ဘိုးဘေး တစ်ယောက်ယောက် ကြွလာတာလား?"


" ဟုတ်တာပေါ့"  Kashur ကပြောသည်။ သူက ထို ဝိဉာဥ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ 


"ဘိုးဘိုးတောင်းဆိုတဲ့အတိုင်း သူ့ကို ခေါ်လာပါပြီ။ သူ့ကို ဘယ်လိုရှာတွေ့တာလဲ?"


Durotan က အပြင်းအထန် တံတွေးမြိုချလိုက်မိသည်။ သို့သော် အဘိုးက သူ့ဘေးတွင် နယ်ချဲ့ရင်း လှည့်ပတ်နေစဥ် သူ မားမားမတ်မတ် ဆက်ရပ်နေ၏။ 


" ငါ....တစ်ခုခုကို ခံစားမိလို့" Tal'kraa က ပြောသည်။ 


"အစကတော့ သူ့ကို နတ်ဆရာဖြစ်လာမယ်ထင်တာ ဒါပေမယ့် သူငါ့ကို အခုမှ မမြင်ရရင် ဘယ်တော့မှလည်း မြင်ရမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ ဘိုးဘေးနတ်တွေကို မမြင်ရဘဲ မှော်ပညာကို မသုံးနိုင်ဘူးဆိုရင်တောင် သူက ကြီးမြတ်တဲ့ ကံကြမ္မာနဲ့ မွေးဖွားလာတာပဲ။ သူက Frostwolf အဖွဲ့ရဲ့ အဖိုးတန်တဲ့ အရာတစ်ခုဖြစ်လာလိမ့်မယ်။ တကယ်ပဲ.... တကယ့်ကို လူမျိူးတစ်ခုလုံးက တန်ဖိုးထားရလိမ့်မယ်"


" သူက........သူရဲကောင်းဖြစ်လာမှာလား?"  Kashur က အသက်ပင်မရှူနိုင်ဘဲ မေးလိုက်သည်။ Ore တို့အကုန်လုံးသည် ဂုဏ်အရည်အချင်းနှင့် သတ္တိကို တစ်ခုခုမှတ်ကျောက်တင်ကျန်ရန်အတွက် ကြိုးပမ်းကြသည်သာဖြစ်သည်။ သို့သော် နောင်လာနောက်သားတွေပါ လေးစားခြင်းခံရဖို့ ကမ္ဗည်းထိုး ဂုဏ်ပြုခြင်း ခံရဖို့ အစွမ်းမှာ အနည်းငယ်လောက်ထံတွင်သာ ရှိခဲ့၏။ 


သူ့စကားများကြောင့် Durotan ပင့်သက်ရှိုက်လိုက်သည်။ သူ့မျက်နှာတွင် ပေါ်နေသည့် အလိုရှိခြင်းများကို Kashur မြင်နေရ၏။ 

 

"သေချာမပြောတတ်ဘူး" Tal'kraa က ပြောသည်။


"သူ့ကို ကောင်းကောင်း သင်ပေးပါ Kashur ။ တစ်ခုတော့ ငါပြောနိုင်တယ်။ ကယ်တင်ခြင်းဟာ သူ့မျိုးဆက်ကနေ ဖြစ်ပေါ်လာလိမ့်မယ်" 


Kashur တစ်ခါမှ မမြင်ဖူးသည့် နူးညံ့ခြင်းများဖြင့် ပြည့်နေသော ဟန်ဖြင့် Tal'kraa ၏ လက်များက ဆန့်ထုတ်ကာ Durotan ပါးပြင်ကို ထိတွေ့လိုက်သည်။ Durotan မျက်လုံးများ ပြူးကျယ်သွားပြီး မသိစိတ်က ဆတ်ခနဲ ရုန်းလိုက်ချင်နေသည်ကို ပြန်လည် တွန်းကန်ထားကာ ဝိဉာဥ်၏ အထိအတွေ့ကို မတွန့်မဆုတ် ငြိမ်ခံနေသည်ကို Kashur တွေ့ရသည်။ 


ထို့နောက်တွင်မူ နေရောင်ကျလာသောနေ့၏ မြူများကင်းစင်သွားသလို Tal'kraa လည်း ပျောက်ကွယ်သွား၏။ Kashur ယိုင်ခနဲ ဖြစ်သွားသည်။ ဘိုဘေးနတ်များကို မြင်ရဖို့ သူ အားဘယ်လောက် သုံးရသည်ကို သူ မေ့သွားခဲ့၏။ Durotan က ရှေ့သို့ အလျင်ကိုင်းက သူ့ကို ထိန်းလိုက်သည်။ ကောင်လေး၏ သန်မာသော အားအင်များကို သူကျေးဇူးတင်မိသည်။


"အမေ အဆင်ပြေရဲ့လား? " သူကမေးသည်။ Kashur သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ခေါင်းညိတ်ပြလိုက်၏။ Durotan ပထမဆုံး စိုးရိမ်သည်မှာ ဘိုးဘေးများက သူ့အကြောင်း ဘာပြောလိုက်လဲ ကို မဟုတ်ဘဲ သူ့ကို စိုးရိမ်ခြင်းပင်။ အဘိုးပြောလိုက်သည့် စကားများကို တွေးဆရင်း သူ့ကိုပြန်မပြောပြဖို့ သူတွေးလိုက်သည်။ Durotan မှာ ဉာဏ်အမျှော်အမြင်ကြီးပြီး နှလုံးရည်ပြည့်ဝသော်လည်း ထိုကဲ့သို့သော ဟောကိန်းမျိုးက ရိုးသားလှသည့် သူတစ်ယောက်ကိုပင် ပျက်စီးစေနိုင်၏။


" သူ့ မျိုးနွယ်ကနေ ကယ်တင်ခြင်း ဖြစ်ပေါ်လိမ့်မယ်"


" ငါ အဆင်ပြေပါတယ် " သူ ထပ်ပြောလိုက်သည်။ "ဒါပေမယ့် ဒီအရိုးတွေက သိပ်ကောင်းလှတော့တာ မဟုတ်ဘူး။ ပြီးတော့ ဘိုးဘေးနတ်တွေရဲ့ အစွမ်းက သိပ်ကြီးတယ်"


" ကျွန်တော်သူ့ကို မြင်ရရင် ကောင်းမှာပဲ" Durotan က တမ်းတမ်းတတပြောသည်။ 


"ဒါပေမယ့်...ဒါပေမယ့် သူရှိနေတာကို ကျွန်တော် ခံစားမိတယ် သိနေတယ်"


"ဟုတ်တယ်။ အဲ့ဒါတောင် လူတိုင်း ရတဲ့ဂုဏ်မျိုး မဟုတ်ဘူး" Kashur က ပြောလိုက်သည်။


" အမေ..... သူဘာပြောသွားလဲဆိုတာ ကျွန်တော့်ကို ပြန်ပြောပြလို့ရလား? ကျွန်တော်...သူရဲကောင်း ဖြစ်မယ်ဆိုတာလေ ? "


သူက တည်ငြိမ် ရင့်ကျက်ဟန် ဆောင်နေသော်လည်း အနည်းငယ် အသနားခံနေသည့်ပုံ ပေါက်နေသည်။ သူ့ကို အပြစ်မတင်ရက်ပါ။ လူတိုင်းသည် သူတို့စွန့်စားခန်းများအကြောင်းကို တဖွဲ့တနွဲ့ ပြောဆိုခြင်း ခံလိုကြပြီး သတိတရ ရှိစေချင်ကြသည်သာပင်။ သူ့တွင် ထိုသို့ လိုအင်ဆန္ဒမျိုးမရှိပါက Ore ပီသတော့မည် မဟုတ်ပေ။


"ဘိုးဘိုး Tal'kraa ပြောတာက မသေချာသေးဘူးတဲ့"  သူက တုံးတိပင်ပြောလိုက်သည်။ 


Durotan က ခေါင်းညိတ်လိုက်ကာ စိတ်ပျက်သွားမှုကို ကောင်းကောင်းဖုံးကွယ်လိုက်နိုင်၏။ Kashur က ထိုမျှလောက်သာ ပြောဖို့ စီစဥ်ထားသော်လည်း တစ်ခုခုက သူ့ကို ထပ်ပြောဖို့ လှုံ့ဆော်လိုက်သည်။ 


" မင်းမှာ အောင်မြင်အောင် ဖြည့်ဆည်းရမယ့် ကံတရားတစ်ခုရှိတယ် Ganad ရဲ့သားတော် Durotan ။ အဲ့ဒါကို မဖြည့်ဆည်းနိုင်သေးသရွေ့ အရူးလို စစ်တိုက်ရင်း တိုက်ပွဲထဲမှာ သေမသွားနဲ့"


သူက တခစ်ခစ်ရယ်လိုက်သည်။


" အဖွဲ့ရဲ့တာဝန်ကို ကျေပြွန်အောင် မထမ်းဆောင်တဲ့ အရူး လား။ ကျွန်တော် ဖြစ်ချင်တာလည်း အဲ့ဒါမျိုးပဲ" 


" အဲ့ဒါဆိုလည်း အနာဂတ် အဖွဲ့ခေါင်းဆောင်ရေ" Kashud ကလည်း ရယ်မောရင်း ပြောလိုက်သည်။ "မင်း ကြင်ယာရှာဖို့သာ အရင် ကြိုးပမ်းပေတော့"


ထို့နောက် သူတို့ ခရီးတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် Kashur က ရယ်ချလိုက်၏။ Durotan ကတော့ လုံးဝ တုန်လှုပ် ခြောက်ချားသွားပုံပင်။


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl



rate now:

1 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:49 5

    5stars pay ml🤭

    reply